skeleton dance animation

ဤသင်ခန်းစာကို မလေ့လာမီ ရှေ့မှာရေးသားထားသော animation သင်ခန်းစာများကို အရင်လေ့လာပါရန် ရှေးဦးစွာ တိုက်တွန်းပါသည်။

CS3 ကိုအသုံးပြုပြီး animation ပြုလုပ်တဲ့အခါမှာ animation palette ဟာနှစ်မျိုး handle လုပ်နိုင်ပါတယ်။ Frame animation နဲ့ Timeline animation တို့ပဲဖြစ်ပါတယ်၊ အခုလောလောဆယ်တော့ Frame animation ကိုပဲအသုံးပြုပါဦးမယ်၊ နောက်သင်ခန်းစာတွေမှပဲ Timeline animation အကြောင်းကို ရေးသားပေးပါ့မယ်။

Frame animation ကတော့ ရှေ့ကသင်ခန်းစာတွေမှာဖော်ပြခဲ့တဲ့ အတိုင်းလွယ်ကူပါတယ်။ တစ်ခုရှိတာက သူ့မှာ ImageReady မပါဝင်တော့ပါဘူး၊ ဒါပေမယ့် အဲဒီအစား window>animation menu ထည့်ပေးထားပါတယ်၊ ပိုအဆင်ပြေပါတယ်။ ဒီ file လေးကို download လုပ်ပြီးဖွင့်လိုက်ရင်အောက်ပါအတိုင်းမြင်ရပါမယ်။

အရိုးခေါင်းဘယ် ညာ ကြည့်နေတာနှစ်လုံး လက်လေးဘက်၊ ခြေလေးဘက်ပါဝင်ပါမယ်။ layer အသေးစိတ်ကိုတော့ layer palette မှာကြည့်ပါ။ အခုလုပ်မယ့် animation မှာကတော့ ပထမအရိုးခြောက်လေးရဲ့ ခြေ လက် ခေါင်း တွေက အောက်ပါပုံအတိုင်းနေပါမယ်။

အဲဒီပုံစံအနေအထားအတိုင်း ခုန်ဆွ ခုန်ဆွ သုံးခါလုပ်ပြီး ညာဘက်ကိုသွားမှာပါ (ဤသင်ခန်းစာတွင် အသုံးပြုသော ဘယ် ညာ စနစ်မှာ Object ဘက်မှကြည့်၍ ပြောသောစနစ်ကိုသုံးပါမည်) ။ ပြီးရင် အောက်ပါပုံအတိုင်းပြောင်းသွားပြီး ဘယ်ဘက်ကို ခုန်ဆွ ခုန်ဆွ ပြန်သွားမှာ ဖြစ်ပါတယ်။

ခေါင်းတွေ ခြေ လက်တွေကို layer တစ်ခုခြင်းစီ ပြုလုပ်ပေးထားတဲ့ အတွက် Layer visible တွေကို on / off ပြုလုပ်ပေးရင် ရပြီဆိုတာကို သင်သဘောပေါက်နေလောက်ပါပြီ။ ကဲစလိုက်ရအောင်။ Window>Animation menu ကိုနှိပ်ပြီး animation palette ကိုခေါ်ပါမယ်။

တကယ်လို့ animation palette ဟာ timeline mode မှာဖြစ်နေတယ်ဆိုရင်တော့ animation palette မှာပါတဲ့ popup menu (flyout menu) ကနေ Frame animation mode ကိုပြောင်းပေးပါ။

Toolbox ထဲကနေ move tool ကို select လုပ်ထားရအောင်၊ ဒီသင်ခန်းစာတစ်ခုလုံးမှာ Move tool ကိုပဲသုံးသွားမှာပါ။

Layer တွေအားလုံးကို Link ချိတ်ထားပါတယ်၊ ပုံမှာကြည့်ပါ။ အဲဒါကြောင့် Move လုပ်တဲ့ အခါ ခေါင်း ခြေ လက် ကိုယ်လုံး အကုန်လုံး ပါရွေ့သွားမှာပါ။

အဆင့် (၁) အနေနဲ့ frame 1 မှာမြင်ရမယ့် ခေါင်းတွေ လက်တွေ ခြေတွေကို ဖွင့်ထားပြီး မလိုတဲ့ အပိုင်းတွေကို layer palette မှာပိတ်ရအောင်။

အဆင့် (၂) animation palette ရဲ့ popup menu ကနေ New Frame ယူပါမယ်။ ဒါဆိုနောက်ထပ် frame 2 ဆိုပြီး frame အသစ်တစ်ခုရောက်လာမှာပါ။ အဲဒီမှာ keyboard ကနေ Arrow key လေးတွေကိုအသုံးပြုပြီး အပေါ်တက် ညာဘက်ရွေ့လုပ်မှာပါ။ ဒါကြောင့် Up Arrow key ကို ၅ ခါနှိပ်ပြီး Left Arrow key ကို ၁၀ ခါနှိပ်ပါ့မယ်။

အဆင့် (၃) New frame တစ်ခုထပ်ယူပါမယ်။ frame 3 ပေါ်လာတဲ့အခါမှာတော့ အောက်ဆင်း ညာဘက်ကပ်မှာပါ။ Down Arrow key ကို ၅ ခါနှိပ်ပြီး Left Arrow key ကို ၁၀ ခါနှိပ်ပါ့မယ့်။

အဆင့် (၄) မှာတော့ အထပ်မှာပြုလုပ်ခဲ့တဲ့ အတိုင်း new frame ယူပြီ ညာဘက်အပေါ်တက်ပါမယ်။

အဆင့် (၅) new frame ယူပြီး ညာဘက်အောက်ပြန်ဆင်းပါမယ်။

အဆင့် (၆) new frame ယူပြီး ညာဘက်အပေါ်ပြန်တက်ပါမယ်။

အဆင့် (၇) new frame ယူပြီး ညာဘက်အောက်ပြန်ဆင်းပါမယ်။

အဆင့် (၈) မှာ ပုံကို new frame ယူပြီး အောက်ပါပုံအတိုင်းရအောင် layer တွေကို အဖွင့် အပိတ်ပြုလုပ်ပါမယ်။

အဆင့် (၉) ကတော့ new frame ယူပြီး အပေါ်ခုန်ပြီး ဘယ်ဘက်သွားမှာပါ၊ keyboard ကနေ Up Arrow key ကို ၅ ခါနှိပ်ပြီး Right Arrow key ကို ၁၀ ခါနှိပ်မှာပါ။

အဆင့် (၁၀) new frame ယူပြီ အောက်ဆင် ဘယ်ဘက်သွားမှာပါ၊ Down Arrow key ၅ ခါနှိပ်ပြီး Right Arrow key ၁၀ ခါနှိပ်ပါမယ်။

အဆင့် (၁၁) new frame ယူပြီး ဘယ်ဘက်အပေါ်တက်ပါမယ်။

အဆင့် (၁၂) new frame ယူပြီး ဘယ်ဘက်အောက်ဆင်းပါမယ်။

အဆင့် (၁၃) new frame ယူပြီး ဘယ်ဘက်အပေါ်တက်ပါမယ်။

အဆင့် (၁၄) new frame ယူပြီး ဘယ်ဘက်အောက်ပြန်ဆင်းပါမယ်။

အဆင့်များအားလုံးပြီးရင် frame ၁၄ ခုရပါမယ် frame 1 နဲ့ frame 8 ကို frame delay time 0.3 sec ထားပြီး ကျန်တဲ့ frame တွေကိုတော့ 0.1 sec ထားပါမယ်။ frame delay time နဲ့ လှုပ်ရှားမှုများကိုတော့ အောက်ပါပုံအတိုင်း အကြမ်းပြန်ကြည့်လို့ရပါတယ်။

အခုဆိုရင်တော့ fram များအားလုံးတည်ဆောက်ပြီးသွားပါပြီ၊ File>Save for web & devices ကိုနှိပ်ပါမယ်။ အဲဒီနောက်မှာတော့ ပေါ်လာတဲ့ Dialog box မှာ အောက်ပါ setting တွေအတိုင်းရွေးပြီး Save button ကိုနှိပ်လိုက်ပါ။

ပေါ်လာတဲ့ dialog box မှာ File နေရာရွေး နံမည်ပေးပြီး save လိုက်ရင် အောက်ပါအတိုင်း animated gif တစ်ခုကိုရရှိပြီဖြစ်ပါတယ်။

အကယ်၍ အဆင့်များပြုလုပ်ရ အခက်အခဲရှိပါက ဒီ file လေးကို download လုပ်ပြီး လေ့လာနိုင်ပါတယ်။ မိမိကိုယ်ပိုင် idea များနှင့် စမ်းသပ်ကြည့်ပါလို့ တိုက်တွန်းပါတယ်။ နောက်ထပ်ပြီး timeline animation သင်ခန်းစာကိုလဲ ဖော်ပြပေးပါဦးမယ်။