AutoCAD Drawing file များအား Photoshop သို့ကူးပြောင်းခြင်း

ဤသင်ခန်းစာကိုလေ့လာသူဟာ AutoCAD အခြေခံရှိရမှာဖြစ်ပါတယ်။ နောက်ပြီးပုံရိပ်တွေရဲ့တည်ဆောက်ပုံတွေကိုလည်း သိရှိပြီးဖြစ်ရပါမယ်။ ပုံရိပ်များအကြောင်းကိုတော့ ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ သင်ခန်းစာမှာဖော်ပြထားပါတယ်။ ဆက်ကြပါစို့။

AutoCAD drawing များကို Photoshop image အဖြစ်သို့ပြောင်းရတာဟာ presentation ကောင်းကောင်းရဖို့အတွက်ဖြစ်ပါတယ်။ Photoshop ဟာ Graphics design ကိုကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်တာကြောင့် ပိုမိုပြီးဆွဲဆောင်မှုရှိအောင်ဖန်တီးနိုင်ပါတယ်။ Photoshop သို့file များကူးပြောင်းတဲ့အခါ drawing များကိုဘယ်လို convert လုပ်ရသလဲဆိုတဲ့နည်းတွေကိုလေ့လာကြည့်ရအောင်။ convert လုပ်နည်းတွေကိုသာ တင်ပြပါမယ်။ ဘယ်နည်းလမ်းဟာ ကောင်းတယ်မကောင်းဘူးဆိုတာကို စာဖတ်သူသာဝေဖန်ကြည့်စေချင်ပါတယ်။

ကဲ AutoCAD file တည်ဆောက်ပုံကစပြောရအောင်။ AutoCAD drawing ရဲ့ object တိုင်းဟာ vector graphics တွေဖြစ်ပါတယ်။ ဒါပေမယ့် Photoshop ဟာ Raster editing software ဖြစ်ပါတယ်။ ဒါကြောင့် AutoCAD ရဲ့ object တွေကို Photoshop ကနေတိုက်ရိုက် open မလုပ်နိုင်ပါဘူး။ AutoCAD file များကိုသာ raster အဖြစ်ပြောင်းခြင်း (သို့) ကြားခံ format တစ်ခုခုသို့ပြောင်းလဲခြင်းများကို မလွဲမသွေပြုလုပ် ရမှာပါ။

Method(1) Save Image

ပထမနည်းက လိုချင်တဲ့ drawing ကို “saveimg” command သုံး၍ image တစ်ခုအဖြစ် save လုပ်တာပါ။ ဒီလို save ပြီးသွားတာနဲ့ Photoshop ကနေတိုက်ရိုက် open လုပ်လို့ရပါပြီ။ အသေးစိတ်လေ့လာရအောင်။

Step-1
လိုချင်သော object များကိုAutoCAD workspace မှာ အကောင်းဆုံး fit ဖြစ်အောင် zoom လုပ်ထားပါ။ “saveimg” command က workspace တစ်ခုလုံးကို image အဖြစ် save လုပ်မှာပါ။ ဒါကြောင့်လိုချင်သောနေရာကို zoom ချဲ့ထားမှသာလျှင် image တွင်ပုံထွက် ကောင်းကောင်းကိုရမှာပါ။

Fit to Zoom (Good Image)                                                   Not Fit to Zoom (Blur Image)

Step-2

command  pad မှာ "saveimg" လို့ရိုက်ထည့်ပြီး enter ခေါက်ပါ။ Saveimage dialog box ပေါ်လာပါပြီ။ image format မှာ ရွေးစရာ(၃) ခုရှိပါတယ်။ TGA ကို check လုပ်ပြီး OK လုပ်ပါ။

ဒါဆိုရင် image file ကိုဘယ်မှာ save မယ်ဆိုတဲ့ location ကိုတောင်းပါလိမ့်မယ်။ file name ကိုလည်းရွေးပေးရပါမယ်။ အဲဒီ file name နဲ့ file location ကိုမှတ်ထားပါ။

Step-3

ပြီးရင်တော့ Photoshop ကနေပြန်ပြီး open လုပ်ရုံပါပဲ။ ဒါဆိုရင် Photoshop ကနေ edit လုပ်လို့ရပါပြီ။

ဒီနည်းလမ်းဟာအမြန်ဆုံးနဲ့အလွယ်ဆုံးပါပဲ။ ဒါပေမယ့်အားနည်းချက်က pixel dimension နဲတာပါပဲ။ pixel dimension အကြောင်းကို ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝမှာ လေ့လာနိုင်ပါတယ်။ image တစ်ခုရဲ့ကြည်လင်ပြတ်သားမှုဟာ pixel dimension ပေါ်မှာပဲ လုံးဝမူတည်ပါတယ်။ ဒီနည်းနဲ့ရလာတဲ့ image ဟာ pixel dimension 1000 အောက်မှပဲရှိပါတယ်။ screen pixel dimension ထက်တော့မများနိုင်ပါဘူး။ ဒါကြောင့်ဒီနည်းဟာ image size ကြီးကြီးမရနိုင်ပါဘူး။ နောက်တစ်ခုက AutoCAD workspace ရဲ့အရောင်ပါ။ များသောအားဖြင့်အနက်ရောင် background နဲ့ပဲ ပုံဆွဲတာများပါတယ်။ ဒါကြောင့်ရလာတဲ့ image ဟာအနက်ရောင် background နဲ့ပဲပေါ်လာမှာပါ။ ဒါကြောင့်အဆင်ပြေမယ့် အရောင်ကိုကြိုတင် setting လုပ်ပြီးမှ “saveimg” command ကိုသုံးသင့်ပါတယ်။

 

Method(2) By Using Adobe Illustrator-10

နောက်တစ်နည်းက ကြားခံ software တစ်ခုအနေနဲ့ Adobe Illustrator ကိုအသုံးပြုတာပါပဲ။ Illustrator က vector graphics support ပါ။ ဒါကြောင့် AutoCAD drawing ကိုသူက open လုပ်လို့ရပါတယ်။

Step-1

AutoCAD drawing မှာလိုချင်တဲ့အပိုင်းပဲထားပြီးကျန်တာတွေကို erase လုပ်ပါ။ ဒီလိုမှမလုပ်ရင် Illustrator က drawing area တစ်ခုလုံးကို import လုပ်ပစ်မှာပါ။ ဒါကြောင့်လိုချင်တဲ့အပိုင်းကိုဧရိယာသေးသေးလေးပဲမြင်ရမှာပေါ့။ ပြင်လို့လဲရပါတယ်။ ဒါပေမယ့် drawing area ကိုကိုယ်လိုချင်တဲ့အပိုင်းလေးပဲယူထားတဲ့အခါပြင်စရာမလိုတော့ဘူးပေါ့။

Importing with All Objects                                                 Importing with Erasing Unnecessary Objects

Step-2

လိုချင်တဲ့အပိုင်းလေးပဲဖြတ်ပြီးတဲ့အခါမှာ AutoCAD 2000 format နဲ့ Save As လုပ်ပေးပါ။ Illustrator 10 အထိကတော့ AutoCAD file ကို AutoCAD 2000 format ထိပဲဖတ်နိုင်ပါတယ်။ save လုပ်ထားတဲ့ file name နဲ့ location ကိုမှတ်ထားပါဦး။

Step-3

Illustrator ထဲကနေခုနက save as လုပ်ထားတဲ့ drawing file ကို open လုပ်ပါ။ ဒါဆိုရင် DXF/DWG Option dialog box တစ်ခုပေါ်လာပါလိမ့်မယ်။ Fit နဲ့ Merge Layer ကို check လုပ်ပါ။ ပြီးရင် OK ကို click နှိပ်ပါ။ Fit ကို check လုပ်ထားမှသာလျှင် drawing object တွေဟာ Illustrator မှာ Zoom fit ဖြစ်ပြီးပေါလာမှာပါ။ AutoCAD ထဲမှ layer တွေကို မရှင်းခဲ့ပဲ Merge layer ကို on  လိုက်တာနဲ့ layer တွေဟာတစ်ခုထဲဖြစ်သွားမှာပါ။

Step-4

Illustrator ရဲ့ File menu မှ Export ကို click လုပ်ပါ။ Export dialog box ကျလာပါလိမ့်မယ်။ဒါဆိုရင် image file ကိုဘယ်မှာ save မယ်ဆိုတဲ့ location ကိုတောင်းပါလိမ့်မယ်။ file name ကိုလည်းရွေးပေးရပါမယ်။ အဲဒီ file name နဲ့ file location ကိုမှတ်ထားပါ။ file format ကိုတော့ Photoshop (*.PSD) ကိုပဲပေးပါ။ JPG ကိုပေးလဲရပေမယ့် psd format ကပိုကောင်းပါတယ် Photoshop's File Formats များအကြောင်း မှာဖတ်ကြည့်ပါ ။ Save ကို Click လုပ်ပါ။

ပြီးရင် Photoshop Option Dialog Box ကျလာပါလိမ့်မယ်။သင့်တော်မဲ့ color system ကိုရွေးပါ။ အရောင်များ အကြောင်းကို ရေးသားပြီးပါပြီ။ သိလည်းသိလောက်ပြီဟုထင်ပါသည်။ Output resolution ကို 300 dpi မှာပဲထားပါ။ ဒီထက်ပိုလိုချင်လဲတိုးယူပါ။ လျှော့ဖို့တော့သိပ်မသင့်တော် ပါဘူး။ နောက် Anti-Alias ကိုလဲ check လုပ်ထားပါ။ ဒီလို check ထားမှ မျဉ်းအကွေးတွေအစောင်းတွေမှာ smooth ဖြစ်မှာပါ။ ပြီးရင် OK ကို click နှိပ်ပါ။

Step-5
ဒါဆိုရင် Photoshop ကနေ open လုပ်လို့ရနေပါပြီ။ ဒီနည်းနဲ့ convert လုပ်တာဟာ resolution ကောင်းကောင်းရပါတယ်။ ပထမနည်းထပ် ပိုကောင်း ပိုပြတ်သားတဲ့ image တွေကိုရမှာပါ။  ချွင်းချက်အနေနဲ့တော့ AutoCAD မှာ Polyline ကို lineweight ပေးပြီးဆွဲထား မယ်ဆိုရင် အဆင်မပြေပါဘူး။ Polyline ဟာ line တစ်ကြောင်းပါပဲ line weight တွေဟာအထူကြောင့်ထုသဘောရှိပေမယ့် Illustrator မှာတော့ line weight တွေဟာ ထောင့်ချိုး corner တွေပါမှာမဟုတ်ပါဘူး ။ ပုံကိုကြည့်ပါ

From AutoCAD                                                           From Illustrator

နောက်သတိထားစရာက line type ပါ။ Illustrator မှာဘယ် line type ပဲဖြစ်ဖြစ် continuous အသွင်ပဲပေါ်မှာပါ။ ဒါကြောင့် line type ခွဲခြားပြချင်တဲ့ ပုံတွေအတွက်ဒီနည်းက မသင့်တော်ပါဘူး။