AutoCAD Elevation တစ်ခုအားအရောင်ဖြည့်သွင်းခြင်း

AutoCAD drawing format တစ်ခုကို PhotoShop ထဲဘယ်လို Import လုပ်ရင်အဆင်ပြေမလဲဆိုတာကိုရှေ့မှာရေးပြခဲ့ပြီးပါပြီ။ အခု Sample ပေးထားမှာက Drawing file ကို PhotoShop Format နဲ့ Save လုပ်ပေးပြီးသား File ပါ။ ရှေ့က Step တွေကိုတော့ရပြီးပြီလို့ယူဆ လိုက်ပြီနော်။

 

ပေးထားတဲ့ Sample file ကို Download လုပ်ပြီးရင် PhotoShop နဲ့ Open လုပ်ပါ။

Step2

Elevation drawing တွေဟာ 2 Dimension ပဲမြင်ရတဲ့ပုံတွေပါ။ အဲဒီပုံတွေကို presentation လုပ်ချင်တယ်ဆိုရင်တော့ အဓိကအားဖြင့် Layer Style တွေကိုအသုံးပြုရမှာပါ။ Layer Style တွေကိုအသုံးပြုမယ်ဆိုရင်သက်ဆိုင်ရာ Style အလိုက် layer တွေကိုခွဲခြားထားရမှာပါ။ အဲဒီအဆင့်က အရေးကြီးဆုံးပါပဲ။ အဲဒါကြောင့် ဘယ်နေရာမှာ ချိုင့်ဝင်မယ် ဘယ်နေရာမှာထုအသွင်ရှိမယ် ဆိုတဲ့ဟာတွေကိုစဉ်းစားထားရမှာပါ။

Step3

အခုစပြီးတော့ Layer တွေကိုခွဲခြားထားကြည့်ရအောင်ပါ။ Layer Menu ထဲက New ထဲကိုဝင်ပြီး Layer တွေကိုစပြီး New လုပ်ပါ။ သက်ဆိုင်ရာ Object တွေအလိုက် Layer နာမည်တွေကိုပေးသွားပုံကို ကြည့်ပါ။

Layer name တွေကို Layer order အလိုက်စီပေးထားပါတယ်။ Layer order မှားမယ်ဆိုရင် Layer style ကိုအသုံးပြုပြီးအရိပ်ချရတာမမှန်တော့ ပါဘူး။ ဒါကြောင့် အစဉ်လိုက်ကျအောင်လုပ်ကြည့်ပါ။ (ဥပမာ - Overhang ရဲ. Shadow က wall ပေါ်ကျနေမယ်ဆိုရင် Shadow layer က wall ရဲ့ အပေါ်မှာ ရှိကိုရှိရမှာပါ။)

Layer List

(1) roof

(2) eave

(3) shadow

(4) wall

(5) chowket

(6) glass

Step4

အခုအဆင့်မှာတော့အရောင်ကိုလိုက်ပြီး ဖြည့်ရအောင်။ အရောင်ရွေးချယ်မှုဟာလည်း Presentation လုပ်တဲ့နေရာမှာအရေးပါပါတယ်။ အခု Fill လုပ်ထားတဲ့ အရောင်တွေအပြင် အခြားလိုက်ဖက်မဲ့ အရောင်တွေကိုလည်း စဉ်းစားပြီးလုပ်ကြည့်စေချင်တယ်။ အရင်ဆုံး roof layer ကို Current (active) လုပ်ထားပါ။ ပြီးရင် Magic wand tool ကိုအသုံးပြုပြီး roof ကို selection လုပ်ပါ။ use all layer option ကို check လုပ်ထားဖို့လဲ မမေ့ပါနဲ့။ Tolerance value ကို 10 လောက်ထားပါ။

Foreground color ကို rgb(141,91,101) ထားပါ။ Background color ကိုအဖြူရောင်ထားပါ။

ပြီးရင် Gradient tool ကို Click နှိပ်ပါ။ Gradient picker မှာ Foreground to Background ကိုရွေးပါ။ Gradient style မှာ Linear gradient ကိုရွေးပါ။

Gradient ရဖို့ အတွေက် ပထမ click ကိုအမိုးရဲ့အောက်ခြေအလယ်လောက်ကနေစနှိပ်ပြီး အမိုးအချွန်ကိုနဲနဲကျော်လာရင် drop လုပ်လိုက်ပါ။ Mouse ကို Drag လုပ်နေချိန်မှာ Shift key ကိုဖိထားပါ။ အဲဒါမှ Vertical အတိုင်းတည့်နေမှာပါ။ အောက်မှာပြထားတဲ့ပုံကိုကြည့်ပါ။

Step5

eave layer ကို current(active) လုပ်ပါ။ foreground color ကို rgb(202,180,139) ထားပါ။ ပြီးရင် magic wand ကိုသုံးပြီး eave ကို select လုပ်ပါ။ Magic wand ရဲ့ Option တွေကိုပြင်စရာမလိုတော့ပါဘူး။ ပြီးရင် Edit menu ထဲက Fill ကို click လုပ်ပါ။ Fill dialog box မှာအောက်ပါပုံ အတိုင်းဖြည့်သွင်းပြီး Ok ကို click လုပ်ပါ။

Step6

ဒါဆိုရင် Fill လုပ်ရမယ့် Procedure ကိုသိပြီထင်ပါတယ်။ အောက်မှာပေးထားတဲ့ data တွေအတိုင်း သက်ဆိုင်ရာ Layer တွေမှာ Fill လုပ်ကြည့်ပါဦး။

Object

Layer

R

G

B

Wall

wall

255

242

216

Plinth

wall

228

228

228

Step

wall

188

188

188

Chowket

chowket

210

190

190

glass

glass

202

234

255

ပြီးသွားရင်တော့အောက်မှာပြထားတဲ့ပုံမျိုးထွက်လာမှာပါ။

Step7

ဒီအဆင့်မှာတော့ Shadow layer ကိုစပြီး current (active) လုပ်ထားပါ။ အလင်းဘယ်လိုထိုးရင် lighting ဘယ်လိုကျမလဲဆိုတာကိုတော့ ဗဟုသုတရှိဖို့လိုပါတယ်။ အခုကျွန်တော်က lighting ကိုဘယ်ဘက်အပေါ်ထောင့်မှ 45 degree စောင်းပြီးထိုးနေတယ်လို့ assume လုပ်ထားပါတယ်။ Rectangular marquee tool ကို ယူပြီး eave နဲ့ wall စပြီးထိတဲ့အပေါ်ထောင့်ကနေပြီး Drag လုပ်ပါ။ Overhang အကျယ်နှင့်ထပ်တူညီနိုင်လောက်တဲ့အမြင့်ရပြီဆိုရင် Drop လုပ်လိုက်ပါ။

ပြီးရင် Gradient tool ကိုယူပြီး Foreground color မှာ rgb(132,132,132) လောက်ထားပါ။ Background color ကိုတော့ Setting လုပ်စရာ မလိုပါဘူး။ Gradient picker မှာ Foreground to Transparent ထားပါ။ eave ရဲ့အဆုံး wall ရဲ့အစက စပြီး Drag လုပ်ပါ။ ပြီးရင် Marquee နဲ့ select လုပ်ထားတဲ့ ဧရိယာ ကိုမထိခင် drop လုပ်ပါ။ ဒါဆိုရင် ပုံပါအတိုင်းတွေ့ရမှာပါ။ Shift ကိုတွဲပြီးသုံးဖို့လဲ မမေ့ပါနဲ့။

နောက်ထပ် Shadow ကျမယ့်တစ်နေရာက Step မှာပါ။ Step က plinth အပြင်ဘက်ကိုထိုးထွက်နေလို့ သူ့ရဲ့အရိပ်က Plinth ပေါ်မှ 45 degree စောင်းပြီး ကျနေမှာပါ။ သူ့ကိုတော့ ရိုးရိုးပဲ Fill လုပ်ကြည့်ပါမယ်။ Polygonal selection ကိုသုံးပြီး ပုံပါအတိုင်း select လုပ်ပါ။ ပြီးရင် rgb(132,132,132) ကို foreground မှာထားပြီး fill လုပ်ပေးပါ။

Step8

ဒီအဆင့်မှာတော့ Layer style ကိုသုံးဖို့ပဲကျန်ပါတယ်။ ပထမဆုံး chowket layer ကို Double click နှိပ်ပါ။ Layer style dialog box ပေါ်လာမှာပါ။ Bevel and Emboss ကို select လုပ်ပြီး check လုပ်လိုက်ပါ။ Shading angle ကိုတော့ 135 degree ထားပါ။ Size ကို 7px ထားပါ။ ပြီးရင် OK ကို click ပါ။

ပြီးရင် Glass layer ကို double click လုပ်ပါ။ ပထမဆုံး inner shadow ကို check လုပ်ပါ။ distance မှာ 7px, size မှာ 15px လောက်ထား ကြည့်ပါ။ Ok ကိုမနှိပ်သေးဘူးနော်။

နောက် Inner glow ကိုသွားပြီး check လုပ်ပါ။ glow color မှာ အဖြူရွေးပါ။ size ကို 106px လောက်ထားပေးပါ။ ပြီးမှ ok ကို click ပါ။

Step9

ဒီအဆင့်မှာတော့ အပြီးသတ် အချောကိုင်တဲ့အလုပ်တွေကိုလုပ်ရမှာပါ။ Sample ပေးထားတဲ့ Layer 1 ကို layer တွေအားလုံးရဲ့ အပေါ်ဆုံးမှာ ထားပါ။ အဲဒါမှ Elevation ရဲ့ profile တွေကို ပိုပြီး ထင်ထင်ရှားရှားမြင်ရမှာပါ။ ပြီးရင် Layer အသစ်တစ်ခုကို new လုပ်ပြီး background လို့ အမည်ပေးပါ။ အဲဒီ layer ကို အားလုံးရဲ့အောက်ဆုံးမှာထားပေးပါ။

Rectangular marquee ကိုအသုံးပြုပြီး အိမ်လေးရဲ့ အောက်ခြေလွတ်နေတဲ့နေရာအားလုံးကို select လုပ်ပါ။ ပြီးရင်အမဲရောင်ကို fill လုပ်ပါ။ selection ကိုပြန်မဖြုတ်ပါနဲ့ဦး။

ပြီးရင် Select menu ထဲက inverse ကို click နှိပ်ပါ။ ဒါဆိုရင်ကျန်နေတဲ့ အပိုင်းတွေကိုအလိုလို select လုပ်ပြီးသားဖြစ်နေမှာပါ။ foreground color မှာ rgb (177,194,204) ကိုရွေးပြီး အဲဒီ selection အတိုင်း fill လုပ်ပေးပါ။ ဒါဆိုရင်တော့ အားလုံး complete ပြီးသွားပါပြီ။ ပုံကိုကြည့်ပါ။

Large picture

နောက်ဆုံး တစ်ခုပြောချင်တာကတော့ ဒီ tutorial မှာပါတဲ့ step တွေအတိုင်းတသွေမတိမ်း လိုက်လုပ်ဖို့မလိုပါဘူး။ အနဲဆုံးတစ်ခေါက်လောက် လေ့ကျင့်ရင်တော်ပါပြီ။ အဲဒီကတစ်ဆင့် မိမိဘာသာ ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ concept နဲ့ဘယ် color composition က အဆင်ပြေမလဲ ဆိုတာကို စဉ်းစားကြည့်စေချင်တယ်။ ကဲ..ဒီလောက်နဲ့ပဲရပ်လိုက်ကြပါစို့။ နောက် tutorial တွေမှာထပ်တွေ့ကြရအောင်။