ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ

Graphics ပုံရိပ်များကိုအဓိကအပိုင်းနှစ်ပိုင်းအနေနဲ့ခွဲခြားနိုင်ပါတယ်။

၁) Vector Graphics မှာ ပုံတွေကို Line , Arc တွေနဲ့အရင်ဆုံးဘောင်လိုင်းလေးတွေကိုစဆွဲပါတယ်။ ဒီလိုဘောင်လိုင်းလေးတွေကို Stroke လို့ခေါ်ပါတယ်။ ပြီးရင်အတွင်းပိုင်းကို အရောင်ခြယ်တဲ့အခါ Fill Algorithm တစ်ခုခုသုံးပါတယ်။ ဒီ process ကိုလည်း Fill လို့ခေါ်ပါတယ်။ ဥပမာအနီရောင် rectangle တစ်ခုကို ဘောင်အနက်ရောင်သုံးရင် ဒီလိုမြင်ရမှာပါ။ ပုံကို ကြည့်ပါ။ Vector Graphics တွေကတော့ ဥပမာ AutoCAD file တွေ Illustrator, Coreal Draw file တွေပါပဲ။ သူတို့တွေရဲ့ အားသာချက်က zoom အကျယ်ကြီးချဲ့လဲ ပုံဟာကြည်လင်ပြတ်သား နေမှာပါ။

၂) Raster Graphics ကတော့ Pixel (Picture Element) လို့ခေါ်တဲ့ အမှုန်လေးတွေနဲ့ဖွဲ့စည်းထားတာပါ။ အဲဒီတော့ပုံတစ်ပုံမှာပါဝင်တဲ့ pixel အရေအတွက်များလေ quality ကောင်းလေ zoom အကျယ်ကြီးချဲ့ကြည့်နိုင်လေပါပဲ။ အဲဒီ pixel တွေဟာတစ်လက်မအတွင်းမှာဘယ်လောက် အရေအတွက်ပါလဲဆိုတာကိုတော့ Resolution လို့ခေါ်ပါတယ်။ ဥပမာ ပုံတစ်ပုံရဲ့တစ်လက်မအတွင်းမှာရှိတဲ့ pixel တွေဟာ ၁၀၀ ရှိတယ်ဆိုရင် Resolution 100  dpi / ppi (dot per inch) or  (pixel per inch ) ရှိတယ်လို့ခေါ်နိုင်ပါတယ်။ JPEG ,GIF , BMP စသည်ဖြင့် file name တွေနဲ့ရှိ တာတွေအားလုံးဟာ Raster အမျိုးအစားတွေပါပဲ။

Photoshop softwareဟာအဓိကအားဖြင့် raster editing softwareအမျိုးအစားပါ၊ပုံရိပ်တွေကို pixel များအသွင်ဖြင့်အလုပ်လုပ်ပေးတာပါ။ ဒါကြောင့် file new ခေါ်ပြီးအသစ်စလုပ်တဲ့အခါမှာ resolution ဘယ်လောက်လဲ ဘယ်နှစ်လက်မယူမှာလဲဟာအရေးကြီးပါတယ်။ တကယ်လို့ ၆ လက်မ ၄ လက်မ file တစ်ခုကို resolution 100 နဲ့အလုပ်လုပ်မယ်ဆိုရင် pixel အရေအတွက်ဟာ အလျားလိုက် ၆၀၀ နဲ့ဒေါင်လိုက် ၄၀၀ ရှိမှာပေါ့။