Photoshop's File Formats များအကြောင်း

Photoshop ဟာ file format များစွာကိုsupport ပေးထားပါတယ်။ အခုပြောမှာက အသုံးများတဲ့ format တချို့ပါ။

Photoshop (*.PSD)
ဒီအမျိုးအစားဟာ Photoshop ရဲ့ default format ပါ။ file ကိုပြုပြင်စရာတွေရှိသေးတယ် (ဥပမာ text တွေ layer အရွေ့အပြောင်းတွေ) ဆိုရင်ဒီ format နဲ့ save ထားဖို့လိုပါတယ်။ ဒါမှပြန် edit လုပ်ရတာလွယ်မှာပါ။
အရင် Photoshop 7.0 မှာ file size ဟာ 30,000 pixel by 30,000 pixel ထိရပါတယ်။ အခု Photoshop အသစ်ဖြစ်တဲ့ CS or CS2 မှာတော့ file size ဟာ 300,000 x 300,000 pixels ထိလုပ်ဆောင်နိုင်ပါပြီ။ file type ကတော့ (*.PSB) ပါ။

JPEG
Joint Photographic Experts Group ဆိုတဲ့အဖွဲ့တစ်ခုရဲ့ file compression algorithum ကိုခေါ်ထားတာပါ။ file format မဟုတ်ပါဘူး။ တကယ့် file format အမှန်က JFIF (JPEG File Interchange Format) ပါ။ ဒါပေမယ့် JPEG ဆိုတဲ့ နံမည်ပဲတွင် ကျယ်လာခဲ့ပါတယ်။ အရောင်စနစ်အနေနဲ့ RGB,CMYK,Grayscale တွေသုံးလို့ရပါတယ်။ ဒါပေမယ့် သူက transparency ကိုတော့ support မလုပ်ပါဘူး။ File တစ်ခုကို JPEG format နဲ့ပြောင်းချင်ရင် အဲဒီ file ကိုဖွင့်ပြီး Save As လုပ်ပေးလိုက်ရုံပါပဲ။ file type မှာတော့ JPG ပေးလိုက်ပေါ့။

JPEG Option dialog box မှာ file ကို ဘယ်လို quality လိုချင်တယ်ဆိုတာလဲစိတ်ကြိုက်ပေးနိုင်ပါတယ်။ 0 က quality အနိမ့်ဆုံးနဲ့ file size အသေးဆုံးပါပဲ။ 12 ကတော့ quality အကောင်းဆုံးနဲ့ file size အကြီးဆုံးပါပဲ။ File တစ်ခုကို size လျှော့ချင်တဲ့အခါမှာ ဒီလိုလုပ်လို့ရပါတယ်။ ဒါပေမယ့် JPEG file တစ်ခုကို JPEG file အဖြစ်ထပ် save as လုပ်တာဟာ quality ကိုထပ်ကျစေပါတယ်။

JPEG 2000 (*.JPF)
ဒါက JPEG ရဲ့နည်းပညာနောက်ဆက်တွဲတစ်ခုပါ။ သူ့ကို Acrobat Reader မှာလဲဖွင့်ကြည့်လို့ရလာပါတယ်။ Acrobat file တွေဟာ cross-platform format ပါ။ operation system အများစုနဲ့အဆင်ပြေပါတယ်။

CompuServer GIF
GIF (Graphics Interchange Format) ဟာ web page တွေအတွက်အသုံးများပါတယ်။ transparency support လုပ်ပါတယ် အရောင်ကတော့ RBG, Index mode တွေပါ ၂၅၆ ရောင်ထိလဲကန့်သတ်ထားပါသေးတယ်။ Animation ပုံလေးတွေလဲဖြစ်နိုင်ပါတယ်။ Animated GIF ကိုတော့ Image Ready နဲ့ပြုလုပ်ရတာပါ။

TIFF (*.TIF)
Tagged Image File Format (TIFF) ဟာဆိုရင် digital printing services အများစုကလက်ခံနိုင်တဲ့ format ပါ။ scanner နဲ့ digital camera များမှာလဲသုံးပါတယ်။ အရေင်အနေနဲ့တော့ CMYK, RGB,Lab, Indexed color, Grayscale, နဲ့ Bitmap တွေအသုံးပြုနိုင်ပါတယ်။

Photoshop EPS
Adobe ရဲ့နည်းပညာတစ်ခုဖြစ်တဲ့ Post script ကဆင်းသက်လာတာပါ။ Encapsulated Postscript (EPS) ပါ။ text , graphics တွေရောပြီးပါဝင်နိုင်ပါတယ်။