The art of Pattern (PART 3)

Photoshop မှာ Default ထည့်ပေးထားတဲ့ Pattern တွေကတော့ Continuous ဖြစ်အောင် ဖန်တီးပေးထားပြီးဖြစ်ပါတယ်။ Continuous pattern ဆိုတာကတော့ Indefinitely Fill လုပ်နိုင်ပြီး တစ်ခုနဲ့တစ်ခုကြားထဲမှာ ဆက်ရာရှာမရတဲ့ Pattern တွေကို ဆိုလိုတာပါ။

ဒီတစ်ခေါက် Tutorial ကတော့ အဲလို Continuous pattern များကို ဖန်တီးခြင်းဖြစ်ပါတယ်။ ဒီလိုဖန်တီးထားတဲ့ Pattern တွေကို Jpeg အနေနဲ့ Save လုပ်ပြီး အခြားသော AutoCAD, 3D Studio Max အစရှိတဲ့ Software တွေမှာ Plug-in အနေနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

၁) ပထမဦးဆုံး New File (110 pix - 80 pix) တစ်ခု ဖွင့်ပါ။ ပုံမှန်အားဖြင့် Square pattern များကို ဖန်တီးကြပါသည်။ ဒီ Tutorial မှာတော့ ပိုရှင်းသွားအောင် Rectangular Pattern လုပ်ပြခြင်းဖြစ်ပါသည်။
ပြီးရင် (Filter > Render > Fiber) ဖြင့် အလွယ်ဆုံး Pattern တစ်ခုကို Fill လုပ်လိုက်ပါ။ Pattern နဲ့ ပိုတူသွားအောင် အဲဒီအပေါ်မှာ ခပ်ရှုပ်ရှုပ် Line တွေကို Brush Tool ဖြင့် ဆွဲလိုက်ပါတယ်။

အဲဒီ ပုံကို Continuous Pattern အဖြစ် ပြောင်းပါမယ်။

၂) Filter > Other > Offset သို့ဝင်ပါ။ Offset တန်ဖိုးများအဖြစ် Horizontal = 55 pix နဲ့ Vertical = 40 pix အသီသီးထားပါမယ်။ မူလပုံတစ်ခုလုံး Pixel တန်ဖိုးများရဲ့ တစ်ဝက်ဆီဖြစ်ပါတယ်။ ဒါဆိုရင် အောက်ကအတိုင်းတွေ့ရမှာပါ။

၃) Clone Stamp Tool ကို အသုံးပြုပြီး အလယ်မှ ဆက်ရာကဲ့သို့ဖြစ်နေသော နေရာများကို ဖာထေးပါ။ Brush ကတော့ Soft rounded brush ပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာက ပုံရဲ့အနားစွန်းများကို မထိမိစေရန်ဂရုစိုက်ပါ။

ပြီးလျှင်တော့ ပုံအတိုင်းတွေ့ရပါမည်။

၎) ဒီပုံကို (Edit > Define Pattern) ဖြင့် Save လုပ်ပြီး Paint Bucket Tool, Pattern ဖြင့် Fill လုပ်ပြီး အသုံးပြုနိုင်ပါပြီ။

အခုနမူနာလုပ်ပြထားတဲ့ Pattern က နားလည်လွယ်အောင် အဖြူအမည်းနဲ့ လုပ်ပြထားခြင်းဖြစ်ပါတယ်။ ပြီးတော့ အဆင့် (၃) Clone Stamp လုပ်တဲ့နေရာမှာ ပုံရဲ့ အနားစွန်းတွေကို ထိခိုက်မိတဲ့အတွက် Continuous pattern စစ်စစ်မဖြစ်သေးပါဘူး။ Fill လုပ်တဲ့ ကြားထဲမှာ ဆက်ရာတွေ ပေါ်နေသေးတာကို တွေ့နိုင်ပါတယ်။ အဲသလိုဆိုရင် အဆင့် (၂) ဖြစ်တဲ့ Offset Filter ကို တစ်ခေါက်ပြန်ဝင်ပြီး Clone Stamp ကို ပြန်လုပ်ရပါလိမ့်မယ်။ အကယ်၍ Clone အလုပ်များသွားပြန်ရင်လည်း ပုံက ၀ါးသွားတတ်ပါတယ်။ ဒါကိုတော့ လိုအပ်သလို ချိန်ဆရမှာဖြစ်ပါတယ်နော်…။

တကယ်တမ်းပြောရရင် ဒီနည်းကို အသုံးပြုခြင်းဖြင့် မိမိကိုယ်တိုင် ဓာတ်ပုံရိုက်ထားတဲ့ (ဒါမှမဟုတ်) Photo Blog တွေမှာ အလွယ်တကူရနိုင်တဲ့ Sand, Granite, Gravel, Fiber အစရှိသော Pattern များကို Continuous pattern များအဖြစ် အလွယ်တကူပြုလုပ်နိုင်ပါတယ်။

အခြားသော Brick, Tile, Grill အစရှိတာတွေကို Continuous ပြုလုပ်တာကတော့ ဒီ Tutorial အတိုင်းဖြစ်ပေမယ့် အနည်းငယ်ပို လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ နောင် Tutorial တွေမှာ အလျဉ်းသင့်ရင် ပြောပြပေးသွားပါမယ်။