Hair Selection

Photoshop သုံးတဲ့အခါမှာအများဆုံးလုပ်ဖြစ်တဲ့အလုပ်တစ်ခုက Selection လုပ်တာပါပဲ၊ အဲဒီလိုလုပ်တဲ့အခါမှာ ဆံပင်တွေဆိုရင် သာမန် Selection tool တွေနဲ့သိပ်အဆင်မပြေနိုင်ပါဘူး။ တချို့က Quick Mask mode ကနေလုပ်ကြပြီး တချို့ကတော့ Channel Palette ကိုအသုံးပြု ကြပါတယ်။ အခုပြောချင်တာကတော့ အလွယ်ဆုံးနည်းပါ။ Photoshop version 7.0 မှစပြီးတော့ Extract command ပါဝင်လာပါတယ်။ အဲဒီ Command ဟာ ဆံပင်တွေလိုမျိုး သေးငယ်တဲ့အစိတ်အပိုင်းတွေကို Selection ပြုလုပ်ရာမှာအရမ်းအသုံးဝင်ပါတယ်။ အခုပုံလေးတစ်ပုံကို ဖွင့်လိုက်ပါမယ်။

ဒီပုံကို နောက်ခံ Background တစ်ခုခုမှာ သွားထားချင်တယ်ဆိုပါတော့။ ဆံပင်တွေအပါအ၀င် လူပုံတစ်ခုလုံးကိုထားခဲ့ပြီး မလိုချင်တဲ့နောက်ခံ Background ကိုဖယ်ထုတ်ရမှာပါ။ Menu ကနေ Filter>Extract ကိုရွေးလိုက်ပါမယ်။ Extract Dialog မှာ ပထမဆုံး ပြုလုပ်ရမှာက အနားသတ် Edge လေးတွေကို Edge Highlighter Tool အသုံးပြုပြီး Select လုပ်ပါမယ်။

ဆံပင်တွေရှိတဲ့နေရာကိုပဲ Click and drag လုပ်သွားတာပါ မျက်နှာနေရာတွေကိုထားခဲ့ပါတယ်၊ ပုံမှာသေသေချာချာကြည့်ပါ၊ အစိမ်းရောင် အနားသတ်ကိုတွေရမှာပါ။

အခုလိုအနားသတ် Edge ဆွဲပြီးသွားရင် Extract dialog ရဲ့ Tool တွေမှာ Fill Tool ဟာ Enable ဖြစ်လာပါပြီ၊

အဲဒီ Fill Tool နဲ့ ပုံမှာပြထားတဲ့အတိုင်း Fill လုပ်ပါမယ်။ Fill tool ကိုရွေးပြီး လူပုံရှိတဲ့ ဧရိယာထဲကို Click လုပ်ရုံပါပဲ။

ပြီးရင် OK ကို Click လုပ်ရုံပါပဲ၊ အခုဆိုရင် ပုံလေးမှာ ဆံပင်ရဲ့နောက်က Background ကြီးဟာဖျက်ပြီးသား ဖြစ်သွားပါပြီ။

အခုတစ်ခါ လက်နဲ့ နောက်ကျောဘက်က ဧရိယာတွေကိုလဲ Select လုပ်လိုက်ပါဦးမယ်၊ Polygon Lasso Tool ကိုသုံးပါမယ်၊ ပုံမှာကြည့်ပါ။

အဲဒီ Selection နေရာကို Keyboard က Delete key ကိုနှိပ်ပြီး ဖျက်လိုက်ပါမယ်။

ကဲအခုဆိုရင် လူပုံရဲ့နောက်ခံ Background ကိုဖယ်ပြီးသွားပါပြီ၊ အနောက်မှာ Background တစ်ခုခုထားလိုက်ရင်အဆင်ပြေသွားပါပြီ။

ဆံပင်တွေကို Handle လုပ်ချင်ရင်ဒီနည်းက အလွယ်ဆုံးပါပဲ။ Extract command ဟာ pixel တွေ Contract ဖြစ်မှသာ ကောင်းကောင်းမွန်မွန် အလုပ်လုပ်ပေးနိုင်ပါတယ်။ ဆံပင်နဲ့ နောက်ခံ Background ရဲ့ Contract များလေလေ ပိုကောင်းတဲ့ Result ရလေလေပါပဲ။ စပါးခင်းတို့ သစ်ပင်အရွက်တို့ လိုပုံမျိုးကို Selection လိုချင်တဲ့အခါမှာလဲ ဒီ command ကိုအသုံးပြုနိုင်ပါသေးတယ်။

 

မှတ်ချက်။   ။ဆံပင်ကို Selection လုပ်ချင်သော Ko Tay Zar Winn အခုလောက်ဆိုအဆင်ပြေလောက်ပြီထင်ပါသည်၊ ဆွေးနွေးခြင်းအတွက် ကျေးဇူးတင်ပါသည်။