Sharpen the image

မိမိတို့ အသုံးပြုလိုတဲ့ ဓါတ်ပုံတစ်ခုကို ပိုပြီး Sharp ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာလေးကို စဉ်းစာဘူးကြမှာပါ၊ တချို့အနဲငယ် ၀ါးနေ တဲ့ပုံတွေကို ဒီနည်းကိုအသုံးပြုပြီး ပိုမိုကောင်းမွန်တဲ့ပုံတွေအဖြစ်ပြောင်းလဲစေမှာပါ။ တကယ်တော့ Photoshop မှာ Sharpen ဆိုတဲ့ Menu တစ်ခုကို Filter အောက်မှာထည့်သွင်းပေးထားပါတယ်။ ဒီ Menu ဟာသင်လိုချင်တဲ့ပုံရိပ်တွေကို sharp ဖြစ်သွားစေမှာပါ။ ဒါပေမယ့် ဒီနည်းဟာ Layer ရဲ့ Pixel တွေကိုပြောင်းလဲပျက်ဆီးသွားစေပါတယ်။ ဒါကြောင့် နဂို Pixel တွေမပြောင်းလဲပဲ ပိုပြီး Sharp ဖြစ်စေတဲ့ဒီနည်းကိုလေ့လာ ရအောင်ပါ၊ အခုပုံတစ်ခုကိုဖွင့်လိုက်ပါမယ်။

ပထမဆုံးအနေနဲ့ Background Layer ကို Copy ပွားလိုက်ပါမယ် (Ctrl +J) ၊ ဒါဆိုရင် Background Layer အပေါ်မှာ Layer 1 ဆိုပြီး Layer နှစ်ခုဖြစ်သွားပါမယ်။

Layer 1 ကိုအခု High Pass Filter ပေးလိုက်ပါမယ်၊ Filter>Other>High Pass ကိုရွေးလိုက်ပါမယ်။ High Pass ဟာ ပုံတစ်ခုရဲ့ Pixel အရောင် တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ edge တွေကိုပဲ Sharp ဖြစ်စေပါတယ်၊ ကျန်တဲ့ဧရိယာတွေကို မီးခိုးရောင် (Neutral Gray) အဖြစ်ပြောင်းလဲ ပေးပါတယ်၊ Radius ပမာဏကိုသင်အသုံးပြုတဲ့ Pixel dimension ပေါ်မူတည်ပြီး အတိုးအလျှော့ကစားရပါမယ်။ အခုတော့ ပုံက Pixel နဲနဲလေး ဖြစ်တဲ့အတွက် ဒီ Setting အတိုင်းထားပြီး OK ပေးလိုက်ပါမယ်။

အခုထပ်ပြုလုပ်ကြရမှာကတော့ High Pass ပေးထားတဲ့ Layer 1 ရဲ့ Blend Mode ကို Overlay သို့ပြောင်းပေးဖို့ပါ။ Layer Palette မှာကြည့်ပါ အပေါ်ဘယ်ဘက်အစွန်ဆုံးက Combo box မှာ Normal ကနေ Overlay ကိုပြောင်းလိုက်ပါမယ်။

အခုဆိုရင် နဂိုက ခပ်ဝါးဝါးလေးဖြစ်နေတဲ့ပုံလေးဟာ Sharp ဖြစ်လာပါပြီ၊ Sharp amount ကို High Pass ရဲ့ Radius amount နဲ့ Blend Mode တို့ကိုကစားပေးခြင်းဖြင့်လည်းအတိုးအလျှော့ဖြစ်လာမှာပါ။ ဥပမာ Layer 1 ရဲ့ Blend Mode ကို Soft Light သို့ ပြောင်းခြင်းဖြင့် Sharp amount နဲသွားပြီး Hard Light ကိုထားခြင်းဖြင့် ပိုတိုးလာစေမှာပါ။ Layer 1 ရဲ့ Opacity ကိုအတိုးအလျှော့ လုပ်ခြင်းဟာလည်း Sharp amount ကိုပြောင်းလဲစေမှာပါ။ အခုနဂိုမူလပုံနှင့် Sharp amount တင်ပြီးသားပုံနှစ်ခုကိုနှိုင်းယှဉ်ကြည့်ပါဦး။ ပြုပြင်ထားပြီးသားပုံဟာ နဂိုပုံထက်ပိုပြီး ကြည့်ကောင်းတာကိုမြင်တွေ့ရမှာပါ။

သင်ရဲ့ဓါတ်ပုံတစ်ပုံကို Scanner နဲ့ဖတ်တယ်ဆိုပါတော့၊ သေချာတာတစ်ခုက နဂိုပုံလောက်ထင်ရှားပြတ်သားမှာမဟုတ်ပါဘူး၊ အဲဒီအခါဒီနည်းကို အသုံးပြုကြည့်ပါလို့အကြံပေးလိုက်ပါရစေ။