Perspective Crop

KZO: အမ် … ဒီပုံကဟာကို Pattern လုပ်ချင်တာဟုတ်လား?
MHZ: ဟုတ်ပါ့ အဲဒီပုံထဲက အကွက်လေးတွေကိုပြန်သုံးချင်လို့လေ
KZO: ဘယ်လိုလုပ်မှာတုန်းဗျ
MHZ: လွယ်လွယ်လေး … အရင်ဆုံး Crop tool ရွေးလိုက်မယ်၊ ပြီးရင် ကိုယ်လိုချင်တဲ့ ဧရိယာလောက်ကိုမှန်းပြီး Crop Marking အရင်ပေးလိုက်မယ်၊ ဒါဆို Tool Option bar မှာဒီ Option တွေပါလာပြီလေ

Shield option ကိုတော့ ဖြုတ်ထားလိုက်မယ်ဗျာ ပုံကိုကြည့်ရတာရှင်းရှင်းလင်းလင်းမြင်ရအောင်လို့ Perspective ဆိုတဲ့ Option ကို Check လုပ်လိုက်မယ် ဒီဟာကအဓိကပဲဗျ၊ ဒါဆိုရင် သာမန် Crop လုပ်နေကျအတိုင်းလေးထောင့်မဟုတ်တော့ပဲ ကိုယ်လိုချင်တဲ့ Distortion အတိုင်းရမယ်လေ၊ အဲဒီကမှလေးဘက်လေးနားမှာရှိတဲ့ Node လေးတွေကို လိုချင်တဲ့နေရာရောက်အောင် ဆွဲသွားလိုက်မယ်လေ အခုဒီပုံအတိုင်းဆိုရင်အနီရောင် အမှတ်လေးတွေရဲ့အလယ်တည့်တည့်ကိုဟောဒီလိုဆွဲသွားလိုက်မယ်

ပြီးရင် Enter ခေါက်လိုက်မယ် (commit button နှိပ်လိုက်မယ်) ဒါဆိုရင် လိုချင်တဲ့ပုံစံလေးရပြီပဲ Pattern လုပ်လိုက်ရုံပေါ့

KZO: Oh! တယ်ဟုတ်ပါလား
MHZ: ဟဟ … Perspective crop ဆိုတာဒါပဲဗျ ဟောဒီမှာတခြားကျုပ်ရိုက်ထားတဲ့ပုံတွေကိုလဲ ဒီနည်းနဲ့ပဲ Pattern တွေလုပ်ထားတယ်ဗျ

MHZ: နောက်ပြီး Degree ခပ်စောင်းစောင်းရိုက်ထားတဲ့ ပုံတွေကိုလဲ မျက်နှာမူရာက ကြည့်တဲ့ပုံမျိုးဖြစ်အောင်လဲ လုပ်လို့ရသေးတယ်နော်

MHZ: ဒီနည်းကလွယ်ပြီးအရမ်းအသုံးတည့်တယ်၊ တခြားသော Graphics Application အတွက် Material တွေဖန်တီးပေးတဲ့နေရာမှာ Photoshop ရဲ့အရမ်းကောင်းတဲ့အချက်ပဲပေါ့ဗျာ။