Logo ကောင်းတစ်ခုဖြစ်ဖို့ ဆိုရင်...

Iconic Logo ဆိုတဲ့ ကုန်ပစ္စည်းကိုယ်စားပြု အမှတ်တံဆိပ်ကောင်းတစ်ခုဖြစ်ဖို့ ဘယ်လိုအချက်တွေ လိုအပ်ပါသလဲ။ ဒါကို http://www.davidairey.com/what-makes-a-good-logo/ မှာ ဒီဇိုင်နာ ဒေးဗစ်က ဒီလိုပြောထားပါတယ်။

1) It’s describable
ဘာကိုဖော်ပြချင်သလဲဆိုတာ သိသာစေရပါမယ်
2) It’s memorable
အမှတ်ရနေအောင်လည်း ဖန်တီးရပါမယ်
3) It’s effective without colour
အရောင်တွေ မပါဘဲနဲ့လည်း ထိရောက်ရပါမယ်
4) It’s scalable
လိုသလိုချုံ့၊ ချဲ့နိုင်ရပါမယ်။ အရွယ်အစားက အရေးမပါပါဘူး
5) It’s appropriate
ထုတ်ကုန် (သို့) စီးပွားရေးလုပ်ငန်းနဲ့ သင့်လျှော်မှန်ကန်တဲ့ ဒီဇိုင်းဖြစ်ရပါမယ်။

အချက် (၁) နဲ့ (၂) က အပြန်အလှန်ချိတ်ဆက်နေပါတယ်။ Logo တစ်ခုဟာ ဘာကိုဖော်ပြနေတယ် ဆိုတာမထင်ရှားရင် မှတ်မိဖို့လည်း မလွယ်လောက်ပါဘူး။

နံပါတ် (၃) အချက်ကလည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အရောင်ဆိုတာ ထုထည်တို့ ပုံသဏ္ဍာန်တို့နောက်က လိုက်လာလို့ပါပဲ။ ဒါကြောင့် Logo တစ်ခုကို ဒီဇီုင်းလုပ်ရင် အရောင်ကို နောက်ဆုံးမှ ထည့်လေ့ရှိပါတယ်လို့ ဒေးဗစ်က ဆိုပါတယ်။

နံပါတ် (၄) အချက်ကလည်း တော်တော်လေး အရေးပါပါတယ်။ ဘောပင်တို့၊ စက္ကူညှပ်ကလစ်တို့မှာ အသုံးပြုတဲ့ Logo တွေဆို အင်မတန်မှ သေးငယ်ပါတယ်။ တချိန်တည်းမှာပဲ ကြော်ငြာဘုတ်အကြီးကြီးမှာလည်း ကြော်ငြာပါလိမ့်မယ်။ ဒါကြောင့် အဲဒီအချက်ကိုလည်း မမေ့ထားသင့်ပါဘူး။

နောက်ဆုံး အချက် (၅) အရ Logo ဟာ သက်ဆိုင်ရာ ထုတ်ကုန်ပစ္စည်း (သို့) စီပွားရေးလုပ်ငန်း စတာတွေကို ထင်ဟပ်နေရပါမယ်။ လုပ်ငန်းရဲ့ နောက်ကွယ်ကအကြောင်းကိုလည်း ဖော်ပြနိုင်သလို အခြား လုပ်ငန်းတူပြိုင်ဘက်များနဲ့ ကွဲပြားခြားနားအောင် ပံ့ပိုးပေးနိုင်ပါတဲ့ အရည်အသွေးတွေ ရှိနေရပါမယ်။

အထက်က အချက်တွေက David Airey ရဲ့ Logo ကောင်းတစ်ခုအပေါ် ယူဆချက်တွေပါပဲ။

++++++++++++++

http://www.code-interactive.com/thinker/a112.html ကတော့ Logo ကောင်းတစ်ခုဖြစ်ဖို့ အချက် (၄) ချက် လိုအပ်တယ်လို့ ဆိုပါတယ်။

1) Follow solid basic design principles
အခြေခံ ဒီဇိုင်းသဘောတရားတွေ ပါဝင်ရပါမယ်
2) Be functional
လက်တွေ့ကျကျ အသုံးချနိုင်ရပါမယ်
3) Represent the company
ကုမ္ပဏီကို ကိုယ်စားပြုရပါမယ်
4) Be unique
ထူးခြားထင်ရှားရပါမယ်။

နံပါတ် (၁) အချက်က ဒီဇိုင်းတစ်ခု Logo တစ်ခုဟာ ဖြစ်သလိုရေးခြစ်ထားတာမျိုး မဟုတ်ဘဲ သေချာဖန်တီး ရေးဆွဲထားရမယ်လို့ ဆိုလိုတာပါ။ အဲဒီအတွက် အခြေခံ ဒီဇိုင်းသဘောတရားတွေဖြစ်တဲ့ အချိုးအစား၊ လိုက်ဖက်ညီညွတ်မှု စတာတွေကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။

Logo တစ်ခုဟာ ဖိနပ်၊ ဘောပင်၊ ဘောလုံး၊ ဦးထုပ် စတဲ့နေရာတွေသာမက လက်ကမ်းကြော်ငြာ၊ တီရှပ်၊ ကြော်ငြာဆိုင်းဘုတ်၊ Website စတာတွေအထိ အသုံးချခြင်းခံရမှာဖြစ်တဲ့အတွက နံပါတ် (၂) အချက် လက်တွေ့ကျခြင်းကလည်း Logo တစ်ခုဖန်တီးရာမှာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တဲ့အရာဖြစ်ပါတယ်။

နံပါတ် (၃) အချက်အရ Logo တစ်ခုဟာ သက်ဆိုင်ရာ ကုမ္ပဏီ၊ ထုတ်ကုန် စတာတွေကို ထင်ဟပ် ကိုယ်စားပြုနေရမှာဖြစ်ပါတယ်။ Logo ကိုမြင်ရုံနဲ့ ဈေးကွက်တင်ထားတာ ဘယ်လိုပစ္စည်းဆိုတာမျိုးပါ သိသာစေနိုင်အောင် ဖန်တီးရပါလိမ့်မယ်။

နံပါတ် (၄) အချက်က Logo တစ်ခုဆိုတာ အများသူငါနဲ့ ဆင်တူယိုးမှား ဖြစ်မနေပဲ ကွဲပြားခြားနားစွာ ထိုးဖောက်ဆန်းသစ်နေရမယ်လို့ ဆိုလိုတာပါပဲ။ ပြိုင်ဘက်ကင်းတဲ့ Logo တစ်ခုဟာ အချိန်ကာလ ပြောင်းသည့်တိုင်အောင် ထင်ကျန်ရစ်နေသင့်တယ်လို့ JSB Morse က အကြံပြုထားပါတယ်။

++++++++++++++

http://www.thelogofactory.com/library/articles/what-makes-a-good-logo.html မှာတော့ Logo ကောင်းတစ်ခုဟာ အချက် (၇) ချက်နဲ့ ပြည့်စုံဖို့ လိုအပ်ပါသတဲ့။

1) Uniqueness - ထူးခြားထင်ရှားခြင်း

2) Timeless - အချိန်ကာလကန့်သတ်ချက်မရှိခြင်း

3) Gimmick Free - အပိုဖန်တီးချက်များ ကင်းခြင်း
ဒီမှာ ဆိုလိုတာက Special FX လို့ခေါ်တဲ့ Bevel Emboss, Lens Flares, Drop Shadow စတာတွေကို မလိုအပ်ရင် အသုံးမချဖို့ ပဲဖြစ်ပါတယ်။ အဲဒါမျိုးတွေ ပြုလုပ်ခြင်းဟာ 'Putting a Lipstick on a Pig' ၀က်ကို နှုတ်ခမ်းနီဆိုးသလိုမျိုးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

4) Adaptability - အလိုက်သင့်ပြောင်းလဲ အသုံးချနိုင်ခြင်း
ဒါက အထက်က ဆိုက်ဒ်မှာ ပြောသွားတဲ့ Be Functional ဆိုတဲ့ အချက်နဲ့ အတူတူပါပဲ။ Logo တစ်ခုကို နေရာများစွာမှာ အဆင်ပြေစွာ အသုံးချနိုင်ရမှာ ဖြစ်ပါတယ်။

5) Scalability - ချုံ့ ချဲ့နိုင်ခြင်း

6) Color is Secondary - အရောင်ကို ဒုတိယဦးစားပေးအဖြစ် စဉ်းစားခြင်း

7) Appropriate Aspect Ratio & Footprint - သင့်လျော်သော အရွယ်နှင့် အချိုးအစားရှိခြင်း
Logo ကောင်းတစ်ခုဟာ သင့်လျော်သော ပမာဏ အချိုးအစားရှိရပါမယ်။ ဒီအချက်က့ အထက်ကဆိုက်ဒ်မှာ ပြောတဲ့ Following Basic Design Principles ဆိုတဲ့အချက်နဲ့ ဆင်တူပါတယ်။

အဲသလိုမျိုး စဉ်းစားဖန်တီးခြင်းဖြင့် ပေါက်မြောက်အောင်မြင်တဲ့ Logo တစ်ခု ဖြစ်လာနိုင်ပါတယ်လို့ The Logo Factory က အကြံပြုထားပါတယ်။

++++++++++++

အခုလောက်ဆိုရင်... Logo ကောင်းတစ်ခုဖြစ်ဖို့ ဘယ်လိုအချက်တွေနဲ့ ဖန်တီးရမယ်ဆိုတာ စဉ်းစားမိမယ်လို့ ထင်ပါတယ်။ Technique ဆိုတဲ့ နည်းပညာတွေရဲ့နောက်မှာ သိမ်မွေ့အနုပညာဆန်တဲ့ လျို့ဝှက်ချက်တွေ ဖန်တီးချက်တွေ ရှိနေတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ အလျဉ်းသင့်ရင် ရိုးရှင်းတဲ့ Logo တစ်ခုကို Photoshop နဲ့ ဘယ်လိုဖန်တီးမလဲဆိုတာကို နောက်လာမယ့် Tutorial တွေမှာ ဖော်ပြပေးသွားပါမယ်။

အောက်မှာ http://www.goodlogo.com/ မှာ Vote ပေးထားတဲ့ World's Top Logo ၂၅၀ ထဲက ထိပ်ဆုံး ၂၅ ခုကို နမူနာအနေနဲ့ ဖော်ပြလိုက်ပါတယ်။

[Remark] Reply Answer for Ko Min Chit Thu who want to make logos. We hope you satisfy our answer, thanks a lot.