High light ပြုလုပ်ချင်သောအခါ

အခု Tutorial ကတော့ Learning စာအုပ်တွေ Tutorial web page တွေမှာဖြော်ပြထားတဲ့ Software screen shot ပုံလေးတွေမှာ ထင်ရှားစေလိုသော နေရာများကို High light ပြုလုပ်ပုံများပဲဖြစ်ပါတယ်။

 

Photoshop မှာ File>New… menu ကိုယူပြီးရင်မြင်ရတဲ့ dialog box ပေါ်နေတုန်းမှာ keyboard ပေါ်မှာ Print Screen ခလုပ်လေး ကိုနှိပ်လိုက်ပါတယ်။ ပြီးတော့မှ dialog box ကို Esc key နှိပ်ပြီးပြန်ထွက်လိုက်ပါမယ်။ တဖန် File>New… menu ကိုပြန်ခေါ်ပါမယ် အဲဒါဆိုရင် monitor resolution နဲ့ညီတဲ့ document တစ်ခုကိုလာပေးပါလိမ့်မယ် Enter ခေါက်လိုက်ပါ။ ပြီးရင် Ctrl + V နှိပ်ပါ (သို့) Edit>Paste menu ကိုနှိပ်လိုက်ပါမယ်။ ဒါဆိုရင်ပုံကိုဒီလိုမြင်ရပါပြီ။ layer palette မှာတော့ Background, Layer 1 ဆိုပြီး layer ၂ခုဖြစ်သွားပါမယ်။

အဲဒီနောက်မှာတော့ Rectangular Marquee tool ကိုသုံးပြီး New ဆိုတဲ့ box လေးတစ်နေရာထဲကို select လုပ်ပေးလိုက်ပါ

အခု Image>Crop ကိုနှိပ်လိုက်ရင် ပုံကသေးသွားမှာပါ လိုချင်တဲ့နေရာလေးပဲချန်ပြီးကျန်တာ ဖျက်လိုက်တဲ့သဘောပါ
နောက်တစ်ဆင့်ကတော့ မိမိထင်ရှားစေလိုတဲ့နေရာကို Rectangular marquee tool ပဲသုံးပြီးတော့ select လုပ်လိုက်ပါဦးမယ်။ အခုပုံမှာတော့ image width, height and resolution နေရာကိုလုပ်ထားပါတယ်

ပြီးရင် Ctrl + J ကိုနှိပ်ပါမယ် (သို့) Layer>New>Layer Via Copy menu ကိုနှိပ်ပါမယ်။ ဒါဆိုရင် Layer တစ်ခုထပ်တိုးလာပါမယ်၊ layer 2 ပါ။ အဲဒီ layer မှာတော့ selection လုပ်ထားတဲ့နေရာက pixel တွေပဲရှိမှာပါ

Layer palette ကနေ layer 2 မှာနောက်ဆုံးနေရာ (layer 2 ဆိုတဲ့စာလေးနောက်ကနေရာ) မှာ double click လုပ်လိုက်ရင် Layer Style dialog တက်လာမှာပါ၊ အဲဒီကနေပြီး Drop Shadow နဲ့ Stroke effect တွေကိုယူလိုက်ပါမယ်၊ setting တွေကတော့ အောက်မှာပြထားတဲ့အတိုင်းပါ

အဲဒီအဆင့်တွေအတိုင်းလုပ်ရင် Result ဒီလိုမြင်ရပါမယ်

တကယ်လို့ အ၀ိုင်းပုံနဲ့ပြချင်ရင်တော့ Rectangular marquee tool အစား Elliptical marquee tool ကိုသုံးပါ ကျန်တဲ့အဆင့်တွေကတော့ အတူတူပါပဲ။ ဒါက Software မှာပါတဲ့ Dialog box တွေ Function တွေကို ထင်ရှားစေလိုတဲ့နည်းပါ။


နောက်တစ်ခုက ဓါတ်ပုံတွေမှာထင်ရှားစေလိုတဲ့နည်းပါ။ Image တစ်ခုလုံးမှာ အဓိကပြချင်တဲ့နေရာကို သတ်မှတ်ပေးလိုက်တဲ့သဘောပါ။ အောက်ကလိုပုံမျိုးပါ

အရွက်တွေအများကြီးထဲကနေ မိမိပြချင်သောအရွက်တစ်ခုကို Polygon Lasso tool ရွေးပြီး Select လုပ်လိုက်ပါမယ်

အဲဒီနောက်မှာတော့ Ctrl + J (သို့) Layer>New> Layer Via Copy ကိုနှိပ်၍ Layer copy ပွားပါမယ်။ အဲဒါဆိုရင် အရွက်လေးတစ်ရွက်ထဲက Layer 1 ဆိုပြီး သက်သက် Layer တစ်ခုဖြစ်လာပါပြီ။
Background Layer ကို Active ပေးလိုက်ပါမယ်၊ ပုံမှာပြထားတဲ့အတိုင်း Layer palette ကနေ Background နှိပ်လိုက်ပြီး အပြာရောင်ဖြစ်သွားစေတာပါ

ပြီးရင်တော့ Image>Adjustments>Hue/Saturation… (သို့) Ctrl + U ကိုနှိပ်လိုက်ပါမယ်

ပေါ်လာတဲ့ Hue/Saturation dialog မှာ Saturation ကို -75 ထားလိုက်ပါမယ်။ ဒါဆိုပုံကိုဒီလိုမြင်နေရပါပြီ။

နောက်တစ်နည်းက အပေါ်ကနေအရောင်တခုခုအုပ်လိုက်တာပါ၊ အဲဒီ Background Layer ကို Active ဖြစ်နေတုန်း Edit>Fill ကိုခေါ်လိုက်ပါမယ်

ပုံမှာပြထားတဲ့ Setting တွေအတိုင်းပြုလုပ်လိုက်ရင်တော့ Result ကိုဒီလိုမြင်ရမှာပါ

Remark: ထင်ရှားအမှတ်အသားတွေ ပြုလုပ်ချင်တဲ့ ကိုဇော်ရေ နည်းလမ်းတွေကတော့ အများကြီးပါပဲ လောလောဆယ်တော့ အခုနမူနာ ဖော်ပြခဲ့တာတွေနဲ့ ကျေနပ်နိုင်ပါစေ။