Threshold အကြောင်း တစေ့တစောင်း

Photoshop ဟာအသုံးဝင်တဲ့ Command တွေများပြားလှတဲ့ထဲက အခုတစ်ခါမှာတော့ Threshold command ကိုလေ့လာကြည့်ရအောင်ပါ၊ Threshold ဟာ Image မှာပါဝင်တဲ့ Pixel တွေကို black and white pixel တွေအဖြစ်ပြောင်းလဲပြစ်ပါတယ်၊ Threshold ဟာ level တစ်ခု သတ်မှတ်ထားပြီး အဲဒီ level အောက်ရှိတဲ့ pixel တွေကို အဖြူရောင်ပြောင်းပေးပြီးတော့ သတ်မှတ် level အထက်တွေကိုတော့ အနက်ရောက်အဖြစ်ပြောင်းလဲပေးပါတယ်။ Threshold level 1 ဟာ အဖြူရောင်ဖြစ်ပြီး Threshold level 255 ဟာအနက်ရောက်ဖြစ်ပါတယ်။

ဘယ်လိုနေရာတွေမှာအသုံးတည့်လဲဆိုတာ ဥပမာတစ်ခုကြည့်ရအောင်။ စာအုပ်တစ်အုပ်က ပုံတစ်ပုံကို ဓါတ်ပုံရိုက်လိုက်ပါတယ်။

အဲဒီပုံကို Print ကောင်းကောင်း ပြန်ထုတ်ချင်တယ်ဆိုပါစို့။ Black printer တစ်မျိုးထဲသုံးပါမယ်၊ အဲဒါဆိုရင် အခုမြင်နေရတဲ့ ပုံအတိုင်းဆိုရင် sharp ဖြစ်တဲ့ပုံရဖို့မလွယ်ပါဘူး၊ ဒီအခါမျိုးမှာ Threshold command ဟာအလွန် အသုံးတည့်ပါတယ်။ Image>Adjustment>Threshold command ကိုနှိပ်လိုက်ပါမယ်၊ Threshold box ကျလာပါမယ်။

ပုံမှာ အနီရောင် Slider လေးကိုတွေ့မှာပါ၊ အဲဒီ Slider လေးကို ဘယ်ဘက်ရွေ့ရင် Level တန်ဖိုးနည်းသွားပါမယ်၊ အဲဒီအခါမှာ ပုံမှာ အဖြူ ဧရိယာဟာ များလာပါမယ်။ ညာဘက်ရွေ့ရင်တော့ အနက်ရောက် ဧရိယာများလာပါမယ်။

Preview option ကို ဖွင့်ထားပြီး ပုံရဲ့ Result ကိုကြည့်ပြီး စိတ်တိုင်းကျ အနေအထားရောက်ရင် Ok ကိုနှိပ်လိုက်ရုံပါပဲ။ အဲဒါဆိုရင် ပုံကိုကြည်လင်ပြတ်သားစွာ Print out ထုတ်လို့ရပါပြီ။

အထူးမှတ်ထားစေချင်တာက Printer တွေဟာ ကြားအရောင်တွေထက် အတိအကျရှိတဲ့ အရောင်တွေကို ပိုမိုတိကျလှပစွား ထုတ်ပေးပါတယ်။ ဥပမာ မီးခိုးရောက်ထက် အမဲရောင်ကိုပိုမို တိကျစွား Print out ပေးနိုင်ပါတယ်။

Threshold ကိုပုံဧရိယာအကုန်လုံးမဟုတ်ပဲ Selection အတွင်းမှာလဲ အသုံးပြုလို့ရပါသေးတယ်၊ အောက်ကပုံကိုကြည့်ပါ၊ Horizontal type mask tool သုံးပြီး Selection တစ်ခုပြုလုပ်ပြီး အဲဒီ Selection ကိုပဲ Threshold command ကို Apply ပေးထားတာပါ။