Color Bit depth and JPEG

တစ်လောက သူငယ်ချင်းတစ်ယောက် Online မှာတွေ့တော့ Photoshop ပုံတစ်ခုကိုအချောသတ်အပြီး JPEG file ပြန်ပြီး Save As လုပ်လို့မရဖြစ်နေလို့ ဘယ်လိုလုပ်ရမလဲ မေးရာကနေဒီ Tutorial ရေးဖြစ်တာပါ။ Photoshop file ကနေ JPEG file ပြန်ပြီး Save ရတာက အရမ်းလွယ်တဲ့ကိစ္စကိုသူ ဘာဖြစ်ရတာလဲမသိတော့ သူ့ရဲ့ Monitor ကို Print Screen ဖမ်းပြီးပြခိုင်းတော့မှ အဖြေကိုသိရပါတယ်။ သူ့ပုံရဲ့ Title bar မှာ (Layer 1, RGB/16) ဆိုတာကိုသတိထားမိလိုက်တာပါ။

 

 

အဲဒါဟာသူသုံးတဲ့ Color mode မှာ Bit depth ဟာ 16 bit စနစ်ဖြစ်နေတယ်လို့ ဆိုလိုတာပါ၊ JPEG file တစ်ခုဟာ 16 bit ထိ support မလုပ်ပါဘူး။ Photoshop မှာ New Document တစ်ခု create လုပ်ကထဲက ဘယ်လောက် Color Bit depth ယူမလဲလာမေးပါတယ်၊ အောက်ပါပုံမှာကြည့်ပါ။

 

အဲဒါပေမယ့်တစ်ခုရှိတာက အရင် Photoshop version အဟောင်းတွေမှာတော့ အဲဒီ Option မရှိပါဘူး၊ ဒါကြောင့် Version အဟောင်းကို သုံးသူတွေဟာ Version အသစ်သုံးတဲ့အခါမှာ ကြုံရတတ်တဲ့အရာတစ်ခုပါ။ အောက်ပါပုံကတော့ Version အဟောင်း (Photoshop 7.0) ရဲ့ New Document setup ပုံပါ။

 

 

အခုလိုပြဿနာမျိုးကင်းဖို့အတွက်တော့ 8 bit ဟာအသင့်တော်ဆုံးပဲလို့ပြောပါရစေ၊ အဲဒီ Bit depth များများသုံးတာဟာ အရောင်ပမာဏများများ သုံးမယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ အဲဒီ Bit depth ကို 16 or 32 ယူထားတဲ့ Document ဟာ File>Save As ကိုရွေးလိုက်တဲ့အခါ Dialogue box မှာ File type တော်တော်များများ ပျောက်သွားတာတွေ့မှာပါ၊ ဆိုလိုတာက အဲဒီပျောက်သွားတဲ့ File အမျိုးအစားတွေမှာ Bit depth အများကြီး သုံးလို့မရဘူးဆိုတာပါပဲ။


16 Bit ဖြစ်ပြီးသားကို 8 Bit ပြန်ပြောင်းချင်ရင်တော့ Image>Mode>8 bits/channel ကိုရွေးပေးလိုက်ရုံပါပဲ၊ ဒါဆိုရင် JPEG file ကိုလည်း ပြန်ပြီး Save As လုပ်လို့ရပါပြီ။