Nature 1 (ဘုရာစူး မိုးကြိုးပစ်)

တချို့ကပြောတယ်။ သဘာဝတရားဆိုတာ ဘုရားသခင်က ဖန်တီးတာတဲ့။ အခု ဒီ Tutorial ကတော့ Photoshop နဲ့ သဘာဝကိုဘယ်လို ဖန်တီးသလဲဆိုတာ ပြောပြပါမယ်။ ဒီတစ်ခေါက်မှာတော့ Lightening လို့ခေါ်တဲ့ လျှပ်စီးလက်တာကို အမြန်ဆန်ဆုံး  ဘယ်လိုဖန်တီးသလဲဆိုတာ ကိုပြောပြမယ်။ နောက်Tutorial တွေမှာတော့ မိုး၊ သက်တန့်၊ ဆီးနှင်း အစရှိတာတွေကို ဖန်တီးတဲ့နည်းတွေ ပြောပြပေးပါမယ်။ (ကျေးဇူးပြုပြီး ဘုရားသခင်ကို သွားရောက်စိမ်ခေါ်ခြင်းမပြုရန် တောင်းဆိုအပ်ပါသည်။)

၁) ထို့အတွက် လိုအပ်သော Background ပုံကိုဖွင့်ပါ။

၂) Layer > New Layer (သို့မဟုတ်) Ctrl + N ကိုနှိပ်ပြီး New Layer တစ်ခုခေါ်ပါ။ ပြီးလျှင် Gradient Tool ဖြင့် အထက်မှအောက်သို့ဆွဲပြီး Fill လုပ်ပါ။ အောက်မှအထက်လည်းရပါသည်။ သို့သော် ပုံ၏အစအဆုံးမဟုတ်ဘဲ လေးပုံတစ်ပုံ 1/4 လောက်က စပြီး လေးပုံတစ်ပုံခန့်နေရာတွင် အဆုံးသတ်ပါ။ အရမ်းကွေးကောက်သော လျှပ်စီးကြောင်းမဖြစ်စေချင်သောကြောင့် ဖြစ်သည်။ (ကိုယ်တိုင် စမ်းကြည့်စေလိုပါသည်) ပြီးလျှင်တော့ ပုံအတိုင်းတွေ့ရပါမည်။

၃) ထို Layer ကို (Filter > Render > Different Clouds) ဖြင့် Filter ထည့်ပါ။ ပြီးလျှင် (Image > Adjustment > Invert) သို့မဟုတ် (Ctrl + I) လုပ်ပါ။ ပုံအတိုင်းတွေ့ရပါမည်။

၎) Image >Adjustment >Levelသို့မဟုတ် Ctrl + L ကိုရွေးပါ။ ဘယ်ဘက်အစွန်ဆုံးမှ Shadow Slider ကိုညာဘက်သို့ဆွဲရွှေ့ပါ။ လိုအပ်သော လျှပ်စီးအနေအထားကို သင်စိတ်ကြိုက် ချိန်ပါ။ ပုံအတိုင်းတွေ့ရမည်။

၅) ပြီးရင်တော့ Layer ၏ Blending Mode ကို Lighten (သို့မဟုတ်) Screen သို့ပြောင်းပါ။ လိုအပ်သော Color ကို (Image > Adjustment > Hue/Saturation) သို့ဝင်ပြီး Colorize Box ကို Check လုပ်ပြီး လိုအပ်သော Color ကို ပြောင်းယူနိုင်ပါသည်။ ဒါဆိုရင်တော့ ပုံအတိုင်း လျှပ်စီး ကြောင်းရိုက်သွားတဲ့ ပုံကိုတွေ့ရမှာပါ။ နှစ်ခုသုံးခုလိုချင်ရင်တော့ နှစ်ခါသုံးခါပြုလုပ်ပြီး လိုအပ်သလို Transform ပြောင်းယူပြီးဖန်တီး လိုက်ရုံပါပဲ။ လျှပ်စီးအပေါ်က ပစ်ချတာမျိုးလိုချင်ရင်တော့ Gradient Fill ကို Horizontal အစား Vertical Fill လုပ်ရမှာ ဖြစ်ပါတယ်။

ဒီ Tutorial အတိုင်းလျှပ်စီးထည့်ထားတဲ့ပုံကို အောက်မှာ နမူနာအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။ “ဘုရားစူး မိုးကြိုးပစ်” လို့ပြောနေကြတဲ့သူတွေ ဒီတစ်ခါတော့ ကိုယ့်ချစ်သူ တကယ်ယုံကြည်သွားအောင် ဒီ Tutorial အတိုင်း မိုးကြိုးပစ်၊ လျှပ်စီးလက်ပြလိုက်ပါလား။