သင်္ကြန်မိုး

TNW: ဗျို့... ဆရာ့ဆရာဟန် မဟာ့မဟာအကြံနဲ့ ခဏဒီလာဖန်ပါဦးဗျ။
HTN: အောင်မယ်လေးဗျာ... ဆရာကျော်နဲ့ ကိုသန်းနိုင် ခင်ဗျားတို့နှယ် မပြောမဆိုဘယ်ကပေါက်ချလာတုန်းဗျ
KZO: ပေါက်ချရအောင် ကျုပ်က သေးမစင်သေးတဲ့ ကလေးဟုတ်ပါဘူးဗျာ
HTN: ဟား... ဟား... ဟား၊ ထားဗျာ။ ကိစ္စက...
KZO: ကိစ္စက သိပ်မလှဘူးဆရာ
HTN: ဘာတွေဖြစ်နေတာလဲဗျ၊ ရှင်းစမ်းလင်းစမ်းပါဦး
KZO: သင်္ကြန်မိုးပေါ့။
HTN: ဟား၊ ကျုပ်သိပြီ၊ `သင်္ကြန်မိုးရေ တန်ခူးလေ´ဆိုတဲ့ရုပ်ရှင်ကို ကြည့်လာတယ်ပေါ့
KZO: ဟုတ်ပါဘူးဗျာ၊ ဆရာကလည်း သင်္ကြန်မိုးဆိုတာ တန်ခူးလမှာရွာတဲ့ မိုးဖွဲလေးကိုခေါ်တာ၊ သီချင်းတောင်ရှိသေးတယ်လေဗျာ... `ပွဲဖျက်တဲ့မိုးလို့ မပြောကြရအောင် သင်္ကြန်မိုးပြေးရေး စိုရုံဖြန်းပက်ဦး...´ ဆိုတာလေ...
HTN: ဟုတ်ပြီဗျာ၊ လာသံချပ်တိုင်ရအောင်...
မိုးမိုး မိုးလားမောင်တို့... လေလေ လေလားမောင်တို့...
KZO: ဟိုး... ဟိုးဆရာ၊ ဒီလောက်ဆိုရပြီ ကျုပ်အခုလာတာ အဲဒီသင်္ကြန်မိုးပြေးလေးကို Photoshop နဲ့...
HTN: ဟိုး... ဆရာကျော်၊ ဒီလောက်ဆို ကျုပ်သိသွားပြီ၊ ကျုပ်ညနေ သွားစရာရှိတယ်။ ဖွင့် Flash Drive ထဲက ခင်ဗျားလုပ်ချင်တဲ့ဓာတ်ပုံ။
KZO: ဟောဒီပုံဗျာ...
HTN: ခင်ဗျားကလည်း လုပ်ပြီဘာအရုပ်ကြီးလဲဗျ... ဘယ်နှယ့်သင်္ကြန်ပေးဖို့ e-card ကဘီလူးရုပ်ကြီးနဲ့။
KZO: ကျုပ်မဟုတ်ဘူး၊ သူ သူ... ဘီလူးလည်း အသည်းနဲ့ပဲ သင်္ကြန်မိုးလည်း ခံစားတတ်တယ်ဆိုပြီး ဖြစ်နေလေရဲ့... ကဲ... ရှည်မနေနဲ့ဆရာ၊ အဲဒီပုံရဖို့ ကျုပ်မှာသူနဲ့ ရွှေတိဂုံအထိကို တကူးတက သွားရိုက်ရတာ...

HTN: ကဲပထမဆုံး အဲဒီ Layer ကို Layer > Duplicate Layer (သို့မဟုတ်) Ctrl +J နဲ့ Duplicate ပွားလိုက်မယ်။ ပြီးရင် အဲဒီပွားထားတဲ့ Layer ကို Filter > Noise > Add Noise နဲ့ အောက်က Setting တွေအတိုင်းလုပ်တယ်။

ပြီးသွားရင် အဲဒီ Layer ကိုပဲ Filter > Blur > Motion Blur နဲ့ ပြထားတဲ့ Setting အတိုင်းလုပ်မယ်။

အဲဒီအဆင့်ပြီးရင် အဲဒီ Layer ကို Blending Mode မှာ Overlay ကိုထားလိုက်မယ်။ ဒါဆိုရင် ခင်ဗျားလိုချင်တဲ့ သင်္ကြန်မိုး...

TNW: ဂွတ်ဒယ်ဗျာ။
HTN: အဲဒီလို Overlay နဲ့ လုပ်တာမကြိုက်ရင် ဒါက နောက်တစ်မျိုးဗျာ။ Blending Mode ကို Lighten သုံးပြီး Layer Opacity = 60% ပေးလိုက်တယ်။

KZO: ဆရာလုပ်လိုက်တော့လည်း ရှင်းနေတာပဲ။ ဒါပေမယ့် ဒီလိုမျိုး သင်္ကြန်မိုးမဟုတ်ဘဲနဲ့ ဒီပြင့်ဗျာ အသည်းအသန်ရွာတဲ့မိုး (Down Pour) ဆိုရင်ကောဗျ။
HTN: ဆရာ... ကျုပ်နဲ့ပေါင်းပြီးတော့မှ လက်မဆော့တတ်ဘူးဆိုရင်တော့ သင်္ကြန်မိုးထဲ နှာခေါင်းဖော်သေဖို့ပဲ ကောင်းတော့တယ်။
KZO: ဘယ်သိမလဲဗျ၊ ဒါမျိုးက ခင်ဗျားပဲ ကျွမ်းကျင်တဲ့ဟာကို...
HTN: ခင်ဗျားကလည်းလွယ်လွယ်လေးကို...
၁) Add Noise လုပ်တဲ့အခါ ပါတဲ့ Amount %
၂) Motion Blur လုပ်တဲ့အခါ မှာပါတဲ့ Distance ဒီနှစ်ခုကို လိုသလို အတိုးအလျော့ပြုပြီး ကစားရုံပဲလေ။ သိပြီလားဗျာ...။
KZO: သိပါပြီဗျာ... ကဲလာ ဆရာ သံချပ်ဆိုရအောင်...
မိုးမိုး မိုးလားမောင်တို့
HTN: လေလေ လေလားမောင်တို့
KZO: ဟေ့၊ မိုးမိုး မိုးလားမောင်တို့
HTN: လေလေ လေလားမောင်တို့
KZO: စူပါမင်းဆိုတာ ဟန်သစ်ငြိမ်ဗျ
HTN: လေလေ လေလားမောင်တို့
KZO: ဟာဗျာ... ဆရာကလည်း စူပါမင်းဖြစ်ချင်တာ ဘယ်ကလေ ဟုတ်ရမလဲ... mmphotoshop ကို သိက္ခာချနေပြန်ပြီ။ `Photoshop နဲ့ ဖြတ်ပြီးပေါင်းလို့ရ´ လို့လုပ်စမ်းပါဗျ၊ အိုကေ... ပြန်စမယ်။ စူပါမင်းဆိုတာ ဟန်သစ်ငြိမ်ဗျ
HTN: Photoshop နဲ့ဖြတ်ပြီး ပေါင်းလို့ရ
KZO: Photoshop နဲ့ဖြတ်ပြီး ပေါင်းလို့ရ
HTN: စူပါမင်းဆိုတာ ဟန်သစ်ငြိမ်ဗျ
TNW: ကျော်ဇင်းဦးညီမနဲ့ ဟန်သစ်ငြိမ်ဗျ
HTN: Photoshop နဲ့ ဖြတ်ပြီးပေါင်းလို့ရ
TNW: Photoshop နဲ့...
KZO: ဟေ့လူတွေ တော်... တော်ဗျာ။ ဘယ့်နှယ် ကျော်ဇင်ဦး ညီမလေးနဲ့ ဟန်သစ်ငြိမ် `မောင်နှမလိုပဲ ကြည့်ရှုလိုက်မှ´ လို့ ဆိုရမှာ။ တော်ပြီဗျာ... သံချပ်ကို အမြန်ရပ်မှဖြစ်မယ်။
TNW: ဆရာကလည်း Photoshop ထဲ ပေါင်းတာလေးကို...
KZO: Photoshop ထဲပဲဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ်ဗျာ... မရဘူး။
HTN: ဟို မြနန္ဒာထဲကလိုလား `မောင်နှမအရင်းနှယ် ခင်မင်ချစ်သွေးကြွမိ…´
KZO: တော်ပြီ သန်းနိုင်၊ လာပြန်စို့...
HTN: ဟေ့လူ ကျော်ဇင်ဦး... နေဦးလေဗျာ... သံချပ်၊ သံချပ်လေ... ပြီးတော့ သင်္ကြန်မိုးရယ်...
TNW: ဆရာဟန် နောက်မှတွေ့မယ်ဗျို့။
HTN: ဟော်ဗျာ... ဟန်သစ်ငြိမ်၊ ရန်ဖြစ်ချိန်တောင် မရလိုက်ပါလားနော်...။