ကာတွန်းရုပ်လေး

Digital Camera မှရိုက်ကူးပြီးပုံများကို Cartoon ပုံများအဖြစ်ပြောင်းလဲထားသော ပုံဆန်းလေးများကိုမြင်တွေ့ဘူးကြမှာပါ။ အခု Tutorial မှာတော့ အဲဒီလို Cartoon ပုံစံပြုလုပ်နည်းတွေထဲက လွယ်တဲ့နည်းတစ်ခုကိုပြောပြချင်ပါတယ်။ အခုလိုအပ်တဲ့ ပုံကိုဖွင့်လိုက်ပါမယ်။

ရုပ်ပြကာတွန်းစာအုပ်များကိုသတိထားကြည့်ပါ ကာတွန်းဆရာကပုံတွေကိုဆွဲတဲ့အခါ Stroke လို့ခေါ်တဲ့ ဘေးအနားသတ်လေးကို အဓိက အသားပေးဆွဲထားတာတွေ့ရမှာပါ။ အဲဒီလိုပါပဲ Photoshop နဲ့ကာတွန်းပုံလိုချင်တဲ့အခါမှာလည်း ဘေးအနားသတ်တွေကိုပေါ်စေတဲ့ Poster edges ဆိုတဲ့ Filter ကိုသုံးပါမယ်။ Filter>Artistic>Poster Edges ကိုရွေးလိုက်ပါမယ်။ Setting တွေကတော့ ပုံအရွယ်အစားပေါ်မူတည်ပြီး အပြောင်းအလဲရှိမှာမို့ သင့်တော်တဲ့ ပမာဏသာအသုံးပြုပါ၊ အခုပုံမှာတော့ ဟေဒီ Setting တွေသုံးထားပါတယ်။

Posterization မှာတန်ဖိုးဟာ 6 အထိယူထားပါတယ်၊ Pixel တွေကိုအကွက်လိုက်မဖြစ်စေပဲ နဂိုနီးပါးမြင်ချင်လို့ပါ။ ဒီအတိုင်းပြုလုပ်ပြီးရင် ပုံလေးကိုအခုလိုမြင်နေရပါပြီ။

နောက်တစ်ဆင့်အနေနဲ့ Image>Adjustments>Equalize ကိုရွေးလိုက်ပါမယ်၊ ဒါဆိုရင်တော့ ပုံလေးကိုကာတွန်းပုံပိုဆန်စွာ အခုလို မြင်တွေ့ရမှာပါ။

Equalize လုပ်ရခြင်းအကြောင်းကတော့ ပုံရဲ့ Brightness ကိုပုံတစ်ခုလုံးအညီအမျှရှိနေစေချင်လို့ပါ၊ Equalize ရဲ့အလုပ်လုပ်ပုံကတော့ သူဟာ Image တစ်ခုလုံးမှာရှိတဲ့ အလင်းဆုံး (Brightest) နဲ့ အမှောင်ဆုံး (Darkest) ကိုအရင်ရှာပါတယ်၊ ပြီးရင် အလင်းဆုံးကို အဖြူ (white) နဲ့ အမှောင်ဆုံးကို အနက် (Black) သတ်မှတ်ပါတယ်၊ အဲဒီနောက်မှ အလင်းဆုံးအမှောင်ဆုံးကိုမူတည်ပြီး ညီမျှခြင်းချပေးပြီး Brightness ညှိပေးတာပါ။ ဒီအဆင့်မှာရပ်ထားချင်ရင်လဲရနေပါပြီ၊ အောက်ကပုံကတော့ Image>Adjustments>Desaturate (Shift+Ctrl+U) ထပ်လုပ်ထားတာပါ၊ အဖြူအမဲပုံလိုချင်လို့ပါ။

ကဲအခုလောက်ဆိုရင်ကာတွန်းပုံများ ကိုသင့်ရဲ့ Mouse Click လေးအနည်းငယ်ဖြင့်ပင် လွယ်လင့်တကူဖန်တီးနိုင်ပါပြီ။