နတ်သမီးလေးလို လှနေလို့

ဒီ Tutorial က ဓာတ်ပုံတစ်ခုကို လှပတောက်ကြွားတဲ့ Desktop Wallpaper တစ်ခုအဖြစ်ပြောင်းပေးမယ့် Heaven Effect လို့တင်စားရမယ့် Tutorial ပါ။
၁) Wallpaper အရွယ် New File တစ်ခု ဖွင့်ပါမယ်။ ဒီ Tutorial မှာတော့ (1280 x 800 px) အရွယ်ကို ဖွင့်ပါတယ်။
၂) Effect ပြုလုပ်ချင်တဲ့ ဓာတ်ပုံကို ဖွင့် Copy ကူးပြီး စောစောက New File ပေါ်ကို Paste လုပ်ပါမယ်။ မိမိလိုအပ်တဲ့ အရွယ်ရအောင် Scale ကို ချုံ့ချဲ့ ပြုလုပ်ပါမယ်။

၃) ပြီးတဲ့အခါ Lasso Tool တစ်ခုသုံးပြီး ပုံရဲ့ Background ကို Selection လုပ်ပါမယ်။

၎) Ctrl + J သို့မဟုတ် Layer > New > Layer Via Copy ကိုလုပ်ပါမယ်။ ဒါဆိုရင် Background Layer ပေါ်မှာ နောက်ထပ် Layer နှစ်ခုတွေ့ရပါမယ်။

၅) ပြီးသွားရင်တော့ Filter > Blur > Gaussian Blur ကို Radius ကြီးကြီးဖြင့် Background ကို ခပ်ဝါးဝါး ဖန်တီးပါမည်။ ဒီမှာတော့ 30 pixels ထားပါသည်။

၆) ပြီးလျှင် အောက်မှ Layer-1 ကို ပြန်ရွေးပြီး Filter > Blur > Smart Blur ဖြင့် ကော်ပတ်ရုပ်ပုံစံမျိုးဖြစ်အောင် ဖန်တီးပါမည်။ လိုအပ်သော Radius ကိုတော့ မိမိစိတ်ကြိုက် ထားနိုင်ပါသည်။

၇) ပြီးလျှင် Ctrl+ M သို့မဟုတ် Image > Adjustment > Curves ကိုဝင်ပါ။ Curve ကို အထက်သို့ ဆွဲတင်ပြီး ပုံကို လင်းသွားအောင် ဖန်တီးပါ။

၈) ပြီးလျှင် Layer -2 သို့ပြန်ဝင်ပြီး Layer Mask တစ်ခုသုံးပြီး (သို့မဟုတ်) Soft Rounded Eraser Tool ဖြင့် အောက်မှ Layer ၏ အနားသတ်များ ထင်းလာအောင် Layer -2 ကို ဖျက်ပါမည်။

၉) ပြီးလျှင် Background ပွားရန်အတွက် လိုအပ်သော ပုံ၏ အနားပိုင်း အနည်းငယ်ကို Rectangular Marquee ဖြင့် Select လုပ်ပါ။

ပြီးလျှင် Ctrl + T သို့မဟုတ် Edit > Free Transform ကိုရွေးပြီး ဘယ်ဘက်သို့ ဆွဲကားပစ်လျှင် ပုံအတိုင်း တွေ့ရမည်ဖြစ်သည်။

၁၀) နောက်ဆုံးအဆင့်အနေဖြင့် မသေသပ်သော ဆက်ရာပေါ်နေသော နေရာများကို Clone Stamp Tool (S) ဖြင့် လိုက်လံ ဖာထေးပြုပြင်လိုက်သောအခါ ပြီးပြည့်စုံသော Wallpaper တစ်ခုကို ရရှိနိုင်ပါသည်။

အနုပညာမျက်စိနဲ့ ကြည့်ပြီး အနုပညာဆန်တဲ့ ဦးနှောက်၊ နှလုံးသားတို့နဲ့ပါ ပေါင်းစပ်ဖန်တီး လိုက်မယ်ဆိုရင် အနုပညာမြောက်တဲ့ အနုပညာတစ်ခုဖြစ်လာလိမ့်မယ်လို့ ဆိုချင်ပါတယ်။