Color Burn (လှပစွာ လောင်ကျွမ်းခြင်း)

ဒီ Tutorial မှာတော့ Layer Blending Mode တစ်ခုဖြစ်တဲ့ Color Burn ကို အသုံးချပုံကို တင်ပြသွားမှာဖြစ်ပါတယ်။ Color Burn Mode ဟာ ပုံတစ်ခုကို မီးရှို့လိုက်သလို ဖြစ်သွားတဲ့အတွက် တောက်ပတဲ့ Brush Stroke Effect နဲ့ပြန်လည်ပေါင်းစပ်ခြင်းဖြင့် လှပတဲ့ Effect ကို ရရှိနိုင်ပါမယ်။

၁) ပထမဆုံး လိုအပ်တဲ့ပုံကို ဖွင့်ပါ။

၂) ပုံကို Ctrl + U (သို့) Image > Hue/ Saturation ဖြင့် Saturation အနည်းငယ်လျှော့ချပါမည်။

၃) ပြီးလျှင် Image > Adjustment > Curves (သို့) Ctrl + M ဖြင့် ပုံကို ခပ်ဖြူဖြူ၊ ခပ်ဖျော့ဖျော့ အနေအထားရအောင် ဖန်တီးပါမည်။ ထိုသို့ပြုလုပ်ရခြင်းမှာ Color Burn ဖြင့်ဖန်တီးသော အရောင်ကို လိုချင်၍ ဖြစ်သည်။

၎) Brush Tool ကိုရွေးပြီး Maple Leave ပုံ Brush ဖြင့် ပုံပေါ်တွင် သင့်လျှော်သလို ဆွဲပါ။ အဓိက အသုံးပြုသော အရောင်များမှာ အဖြူရောင်နှင့် အ၀ါရောင် ခပ်ဖျော့ဖျော့ နှစ်မျိုးသာဖြစ်သည်။

၅) Soft Rounded Brush ကိုရွေးပါ။ F5 ကို နှိပ်ပြီး အောက်ပါအတိုင်း Brush Setting တွင် Scattering ပမာဏကို တိုးပြီး Brush ဖြင့် စိန်ပွင့် အလင်းပွင့်များ ကြဲသလို ခြယ်ပါ။ အ၀ါဖျော့နှင့် အဖြူရောင် နှစ်မျိုးသာ အဓိက အသုံးပြုပါမည် ( Foreground Color တွင် အ၀ါဖျော့ဖျော့နှင့် Background တွင် အဖြူရောင်ထားပါ၊ တဖန် Brush setting မှ Color Dynamic ၏ Foreground/Background jitter ကို 100% တွင်ထားပါ)

အခြားလိုအပ်သော စာတန်းနှင့် Text များကိုလည်း ထည့်သွင်းနိုင်ပါသည်။ Color Burn Mode သည် မဲနက်လောင်ကျွမ်းသလိုမျိုးဖြစ်သဖြင့် တောက်ပသော Text နှင့် အခြား Brush Stroke များဖြင့် ပြန်လည်အားဖြည့်ရခြင်း ဖြစ်သည်။ စိတ်တိုင်းကျ ဖန်တီးပြီးလျှင် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

၆) Shft + Ctrl + N (သို့) Layer > New > Layer ဖြင့် Layer အသစ်တစ်ခုခေါ်ပါ။ ထို Layer တွင် အနားဖွာသော Soft Rounded Brush ခပ်ကြီးကြီးယူပြီး စိတ်ကြိုက် အရောင်ဖြင့် ဆေးခြယ်ပါ။ အောက်ပါအတိုင်းဖြစ်သည်။

၇) ထိုအရောင်ခြယ်ပြီးသော Layer ကို Filter > Blur > Motion Blur ဖြင့် ခပ်ဝါးဝါးဖြစ်အောင် ဖန်တီးပါမည်။ Blur Distance ကို ခပ်များများယူပါမည်။

၈) ပြီးလျှင် Filter > Noise > Add Noise ကိုဝင်ပြီး Grain ဟုခေါ်သော အစက်အပြောက်များ ထည့်ပါမည်။

၉) ပြီးလျှင် ထို Layer ၏ Blending Mode ကို Color Burn သို့ပြောင်းပါ။ အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။

၁၀) နောက်ဆုံးအနေဖြင့် ထို Layer တွင် Layer Mask တစ်ခုဖြင့်ဖြစ်စေ၊ အနားဖွာသော Eraser Tool ဖြင့်ဖြစ်စေ ပြန်လည် တောက်ပစေလို သော ပုံ၏ ဧရိယာများဖြစ်သည့် (ဥပမာ။ မျက်နှာ) စသည်တို့ကို ဖျက်ပါ။ သိပ်အကွာကြီးမဖြစ်အောင် ခပ်ဖျော့ဖျော့ ခပ်ဝါးဝါးသာ ဖျက်ပါမည်။ ပြီးလျှင်တော့ ပုံအတိုင်း လှပစွာ လောင်ကျွမ်းထားသော Color Burn Effect ကို ရရှိပါမည်။

လှပတဲ့စိတ်ကူး၊ ရိုးရှင်းတဲ့ခံယူချက်၊ ဆန်းသစ်တဲ့ဖန်တီးမှုတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် Photoshop ဟာ အစွမ်းထက်တဲ့ Graphic လက်နက်တစ်ခု ဖြစ်လာမှာ အသေအချာပါပဲလို့ ပြောလိုက်ပါရစေ။