သင်းပျံ့တဲ့ အမှတ်ရစရာတွေ

Camera လို့ခေါ်တဲ့ စက်ပစ္စည်းတစ်ခုက ထုတ်လုပ်ပေးလိုက်တဲ့အရာတွေကို ဒီနေ့ခေတ်မှာတော့ အနုပညာ (Art) တစ်ခုအဖြစ် သတ်မှတ်လက်ခံလာကြပါပြီ။ အဲဒါကို Photoshop ဆိုတဲ့ Computer Software တစ်ခုရဲ့ အကူအညီနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ပိုပြီး သဘာဝကျတဲ့ အနုပညာ (၀ါ) ဖန်တီးမှုတစ်ခု ဖြစ်ကောင်း ဖြစ်လာနိုင်ပါလိမ့်မယ်။

ဒီ Tutorial မှာတော့ Blue Channel နဲ့ Blending Mode ကို ပြောင်းလဲခြင်းဖြင့် ပိုမိုငြိမ်သက်တဲ့ အရောင်အသွေးကိုဖန်တီးခြင်းနဲ့ Gaussian Blur ဖြင့် Mood ပါဝင်တဲ့ ဓာတ်ပုံတစ်ခုအဖြစ်ပြောင်းလဲ ဖန်တီးခြင်းနှစ်မျိုးကို ပြောပြသွားပါမယ်။

၁) ပထမဆုံး လိုအပ်တဲ့ ဓာတ်ပုံကိုဖွင့်ပါ။

၂) အဲဒီ Background Layer ကို Ctrl + J ဖြင့် Duplicate Layer လုပ်ပါမည်။ ပြီးလျှင် Channel Palette ကိုသွားပါ။ ထိုထဲမှ Blue Channel ကို Select လုပ်ပြီး Ctrl + I (သို့) Image > Adjustment > Invert ကိုလုပ်ပါ။ ပုံအတိုင်းတွေ့ရမည်။

၃) ပြီးလျှင် RGB Channel ကိုပြန်ရွေးပြီး ထို Copy Layer ၏ Blending Mode ကို Overlay သို့ပြောင်းပါ။ ပုံအတိုင်း တွေ့ရမည်။

၎) Ctrl + L (သို့) Image > Adjustment > Levels သို့ဝင်ပြီး ပုံကို အနည်းငယ်မှောင်စေပါမည်။

၅) ပြီးလျှင် Ctrl + U (သို့) Image > Adjustment > Hue/ Saturation သို့ဝင်ပြီး Saturation အနည်းငယ်လျှော့ချပါမည်။

Blue Channel နှင့် Blending Mode ကိုကစားခြင်းဖြင့်ရရှိလာသော တည်ငြိမ်သည့် အရောင်အသွေးကို ယှဉ်ကြည့်နိုင်ပါသည်။

၆) ပြီးလျှင် ထို Layer နှစ်ခုစလုံးကို Ctrl + E (သို့) Layer > Merge Layer လုပ်ပါမည်။ Merge လုပ်ပြီးသော Layer နှစ်ခုကို Ctrl + J ဖြင့် Duplicate Layer တစ်ခု ထပ်လုပ်ပါ။ အထက်မှ Duplicate Layer အား Filter > Blur > Gaussian Blur ဖြင့် ခပ်ဝါးဝါးဖြစ်စေရန် ဖန်တီးပါမည်။ ပုံ၏ အရွယ်အစားကိုလိုက်ပြီး Pixel အနည်းအများကို ချိန်ဆပါ။

၇) နောက်ဆုံးအနေဖြင့် ထို Layer ၏ Opacity ကို သင့်တော်သလို လျှော့ချလိုက်ခြင်းဖြင့် လှပ အသက်ဝင်သော ပုံတစ်ခု ရရှိနိုင်ပါသည်။

မူရင်းဓာတ်ပုံနဲ့ အချောသတ် ဖန်တီးထားတဲ့ Photoshop လက်ရာကို ကွဲပြားစွာ ခံစားကြည့်နိုင်ပါတယ်။

သိမ်မွေ့နူးညံ့တဲ့ ခံစားချက်၊ ပြင်းပြတဲ့ အမှတ်ရစရာတွေနဲ့ဖန်တီးလိုက်မယ်ဆိုရင် သင့်ရဲ့ အနုပညာလက်ရာတွေဟာ သင်းပျံ့တဲ့ ရနံ့တွေ မွှေးရှနေမှာ သေချာသလောက်ပါပဲလို့ ပြောဆိုချင်ပါတယ်။