Depth of field effect

Professional camera အသုံးပြုသူများအတွက်တော့ Depth of field effect ရဖို့မခက်ခဲပေမယ့် သာမန် Point and shoot camera အသုံးပြုသူများကတော့ ဒီလိုမျိုးရဖို့ခက်ခဲပါတယ်။ အခု Tutorial ကတော့ သာမန် Point and shoot camera နဲ့ ရိုက်ထားတဲ့ ပုံတစ်ခုကို Depth of field effect လိုရအောင်ဖန်တီးမှာပါ။ အရင်ဆုံး အသုံးပြုမယ့် ပုံကို Photoshop မှာဖွင့်လိုက်ပါမယ်

အခုပုံမှာ ပန်းပွင့်ကို Select လုပ်လိုက်ပါမယ်၊ ploygon lasso tool ဖြစ်စေ သင့်တော်ရာ tool တစ်ခုခုသုံးပြီးဖြစ်စေ select လုပ်လိုက်ပါမယ်

အဲဒီနောက်မှာတော့ Selection ကို Inverse လုပ်လိုက်ပါမယ် (Select > Inverse)

နောက်တစ်ဆင့်ကတော့ select ဖြစ်နေတဲ့ area တွေအကုန်လုံးကို blur လုပ်မှာပါ၊ Filter>Blur>Gaussian Blur ကိုအသုံးပြုပါမယ်။ Setting ကတော့ ပုံရဲ့အရွယ်အစား နဲ့ မိမိနှစ်သက်တဲ့ အနေအထားရောက်အောင်သာချိန်ညှိပါ။ စိတ်ကြိုက်အနေအထားရောက်ရင်တောာ့ OK ကိုနှိပ်ပေးလိုက်ပါမယ်။

Blur လုပ်ပြီးသွားရင် ပုံမှာ Selection တွေကို Deselect လုပ်ပါမယ် (Select>Deselect) ၊ ဒါဆိုရင်တော့ Depth of field effect မျိုးဖန်တီးပြီးသားဖြစ်သွားပါပြီ။ ပုံမှာကြည့်ပါ

ဒီနည်းက အရမ်းလွယ်ကူပါတယ်၊ တစ်နည်းအားဖြင့်တော့ Gaussian Blur အသုံးပြုပုံတစ်ခုလဲဖြစ်ပါတယ်။ ရလာတဲ့ပုံဟာ တကယ့် Professional camera လိုမျိုး Quality မျိုးမဟုတ်ပေမယ့် အလွန်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုဖြစ်တာကတော့ အသေအချာပါပဲ။