Metal Text

Metal Style စာလုံးလေးတွေကိုမြင်ဖူးကြမှာပါ။ ကြည့်လို့လည်းအရမ်းလှပါတယ်။ အခု Tutorial မှာတော့ အဲဒီ Metal Text တစ်ခုကို ဘယ်လိုလုပ်မလဲဆိုတဲ့ Idea လေးကိုပြောမှာပါ။

၁) ပထမဆုံးအနေနဲ့ New Document တစ်ခုကိုယူပါ။

၂) ပြီးရင် Text တစ်ခုကို အရောင်အနေနဲ့ RGB(172,172,172) ကိုသုံးပြီးရိုက်ကြည့်ပါ။ အခုပုံမှာပြထားတဲ့ font က Arial Black အရွယ်က 32pt ပါ။

၃) အဲဒီ Text Layer ကိုLayer Style အဖြစ် Bevel and Emboss ယူရအောင်၊ Option တွေကိုတော့ပုံမှာပြထားတဲ့အတိုင်းယူလိုက်ပါ။

၎) နောက်တစ်ခုလုပ်ရမှာက Curves adjustment ပါ။ အဲဒီလိုရအောင် Layer Palette ရဲ့အောက်ခြေမှာရှိတဲ့ စတုတ္ထမြောက် Button (Create new fill or adjustment layer) ကိုနှိပ်ပါ Popup Menu တစ်ခုပေါ်လာပါလိမ့်မယ်၊ အဲဒီ Menu ကမှ Curves... ဆိုတဲ့ Submenu ကိုရွေးပါ။

Curves dialog ပေါ်လာပါမယ်၊ အဲဒီမှာ အလယ်ကိုကန့်လန့်ဖြတ်မျဉ်းလေးကိုတွေ့မှာပါ၊ ပုံမှာကြည့်ပါ။

အဲဒီမျဉ်းလေးကို Mouse နဲ့ Click and Drag လုပ်ပြီး မျဉ်းကွေးလေးတစ်ခုကို ပုံမှာပါတဲ့အတိုင်းပြုလုပ်ကြည့်ပါ။ ပုံမှာ အပေါ်ကိုရွေ့ရမယ့် အမှတ် နဲ့အောက်ကိုရွေ့ရမယ့်အမှတ်နှစ်ခုကို သတိပြုပါ။ မှားရင် Result ကဒီမှာပြထားတဲ့ပုံအတိုင်းရမှာမဟုတ်ပါဘူး။ အပေါ်အောက် အနေအထား ကိုလည်း ပုံမှာပြထားတဲ့ ပမာဏလောက်ပဲထားပါ။

၅) အခုဆိုရင် Text Layer ဟာတကယ့် သတ္ထုတုံးလေးလိုမြင်နေရပါပြီ။ ဒါပေမယ့်သတိထားကြည့်ရင် အဲဒီ Text ရဲ့ဘေးမှာအဆက်လေးတွေ ပတ်ပတ်လည်ဖြစ်နေတာတွေ့ရမှာပါ။

အဲဒီအဆက်လေးတွေကိုပျောက်အောင်ကတော့Text Layer နဲ့ Curves လုပ်ထားတဲ့ Layer နှစ်ခုကို Link ချိတ်ပေးပြီး Merge (Ctrl+E) လုပ်လိုက်ရုံပါပဲ။ တစ်ခုသတိထားရမှာက Merge လုပ်ပြီးသွားရင် Text Layer ဟာ Raster Layer ဖြစ်သွားပါပြီ Text Edit အနေနဲ့ပြန်ပြင်လို့ မရတော့ပါဘူး။

 

အဆင့်(၄) မှာပြုလုပ်ခဲ့တဲ့ (Create new fill or adjustment layer) အကြောင်းပြောဖို့ကျန်ခဲ့ပါတယ်။ အဲ့ဒီ Adjustment Layer တွေဟာ အဖြည့်ခံသုံးတာပါ။ သူတို့ကိုအသုံးပြုခြင်းအားဖြင့် သူတို့အောက်မှာရှိတဲ့ Layer တွေအားလုံးကိုတစ်ခါထဲ ပြုပြင်ပြီးသွားဖြစ်သွားပါတယ်။ ဥပမာ Layer သုံးခုရှိတယ်ဆိုပါတော့ အဲဒီ Layer သုံးခုစလုံးကို အပြာရောင်နဲနဲလေးတိုးလိုတယ်ဆိုရင် Image>Adjustment>Color Balance Menu ကိုသုံးပြီး Layer သုံးခုစလုံးကိုအရောင်တိုးပေးရမှာပါ။ Layer သုံးခုဆိုတော့ သုံးခါထပ်လုပ်ရမှာပါ၊ ဒါပေမယ့် adjustment layer ရဲ့ Color Balance... နဲ့ဆိုရင်တော့ သူ့အောက်မှာရှိတဲ့ Layer တွေအားလုံးကို တစ်ကြိမ်ထဲနဲ့ မိမိစိတ် ကြိုက်ပြင်ပြီးသားဖြစ်သွားပါတယ်။ အဲဒီ Adjustment Layer ကတော့ ပြင်လိုတဲ့ Layer သုံးခုစလုံးရဲ့အပေါ်မှာရှိရမှာတော့ သတိပြုပါ။