Text Portrait

Text portrait ဆိုတာက photo တစ်ခုကို text တွေနဲ့ပုံစံဖော်တဲ့ဟာမျိုးပါ၊ photoshop နဲ့အလွယ်တကူဖန်တီးလို့ရပါတယ်။ နည်းလမ်းအမျိုးမျိုး ရှိတဲ့ထဲမှာ ဒီနည်းဟာ အလွယ်ဆုံးတစ်ခုပါ။ ပထမဆုံးမိမိလိုချင်တဲ့ အရွယ်အစားနဲ့ New document ကို create လုပ်ပါ အခုသင်ခန်းစာမှာတော့ 600 x 600 px နဲ့ createလုပ်လိုက်ပါမယ်။ အဲဒီနောက်မှာတော့ tool box ထဲက Horizontal type tool ကိုသုံးပြီး စာသားတွေကို နေရာအနှံ့ထားလိုက်ပါမယ်။ ပုံမှာကြည့်ပါ

နောက်တစ်ဆင့် အနေနဲ့တော့ မိမိအသုံးပြုမယ့်ပုံကို စာသား layer ရဲ့အပေါ်မှာတင်လိုက်ပါမယ် layer 6 ဆိုပြီး ပုံမှာတွေ့ရပါမယ်။

Layer 6 ကို Image>Adjustments>Desaturate command သုံးပြီး အဖြူအမဲပုံစံ ပြောင်းလိုက်ပါမယ်၊

Layer 6 မှာ active ဖြစ်နေချိန်မှာပဲ Text layer (layer thumbnail) ပေါ်မှာ Ctrl + Click လုပ်လိုက်ရင် text layer ရဲ့ selection တွေရလာမှာပါ၊ အဲဒီ ရလာတဲ့ Selection တွေကို Select>Inverse ကိုသုံးပြီး ပြောင်းပြန်လုပ်လိုက်ပါမယ်။

ပြီးရင် Delete key နှိပ်လိုက်ပါမယ်၊ ဒါဆိုပုံရဲ့ အဲဒီနားက pixel တွေပျက်သွားမှာပါ၊ နောက် Select>Deleselect လုပ်ရင် ပုံကို ဒီလိုမြင်ရမှာပါ

နောက်ဆုံးအဆင့် အနေနဲ့ကတော့ Text layer ရဲ့ opacity ကို 45 သို့ လျှော့ချလိုက်ပါမယ်

ဒါဆိုရင် သေသပ်လှပသော Text Portrait တစ်ခုကိုရရှိပြီဖြစ်ပါသည်၊ အကယ်၍ပုံဟာ မထင်ရှားဖြစ်နေတယ်ဆိုရင် ပုံရဲ့ level ကစားပေးခြင်း brigntness/contract ကစားပေးခြင်းဖြင့် စိတ်ကြိုက်အနေအထားရသည်အထိ ချိန်ညှိပေးနိုင်ပါတယ်။

အခုဆိုရင် Text portrait တစ်ခုကို သင်ကိုယ်တိုင် လွယ်လင့်တကူဖန်တီး နိုင်ပါပြီ။ အောက်မှာ sample ပြထားတဲ့ ပုံလေးတွေကိုလည်းလေ့လာကြည့်ပါဦး။